
မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲတွေအပြီးမှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရတဲ့အသင်း (၃၉)သင်းအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ ကနေဒါ၊ မက္ကဆီကို၊ အမေရိကန်တို့နဲ့အတူ ယှဉ်ပြိုင်ခွင့်ရရှိမယ့်အသင်းတွေက ဂျပန်၊ နယူးဇီလန်၊ အီရန်၊ အာဂျင်တီးနား၊ ဥဇဘက်ကစ္စတန်၊ တောင်ကိုရီးယား၊ ဂျော်ဒန်၊ သြစတြေးလျ၊ ဘရာဇီးလ်၊ အီကွေဒေါ၊ ဥရုဂွေး၊ ကိုလံဘီယာ၊ ပါရာဂွေး၊ မော်ရိုကို၊ တူနီးရှား၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ ဂါနာ၊ ကိတ်ဗာဒီ၊ တောင်အာဖရိက၊ ကာတာ၊ အင်္ဂလန်၊ ဆော်ဒီ၊ အိုင်ဗရီကို့စ်၊ ဆီနီဂေါ၊ ပြင်သစ်၊ ခရိုအေးရှား၊ ပေါ်တူဂီ၊ နော်ဝေ၊ ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ သြစတြီးယား၊ ဆွစ်ဇာလန်၊ စပိန်နဲ့ စကော့တလန်တို့ဖြစ်ပါတယ်။
ဥရောပဇုန်မှာ တိုက်ရိုက်ခြေစစ်ပွဲအောင်တဲ့အသင်း(၁၂)သင်း ထွက်ပေါ်လာခဲ့ပြီဖြစ်တာကြောင့် လက်ကျန်(၄)နေရာအတွက်သာ Play-offs ပွဲတွေ ဆက်ကစားရတော့မှာပါ။
ဥရောပဇုန် Play-offs အဆင့်ကို ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့အသင်းတွေကတော့ အီတလီ၊ ဒိန်းမတ်၊ တူရကီ၊ ယူကရိန်း၊ ပိုလန်၊ ဝေးလ်စ်၊ ချက်၊ ဆလိုဗက်ကီးယား၊ အိုင်ယာလန်၊ အယ်လ်ဘေးနီးယား၊ ဘော့စနီးယား၊ ကိုဆိုဗို၊ ရိုမေးနီးယား၊ ဆွီဒင်၊ မြောက်မက်ဆီဒိုးနီးယားနဲ့ မြောက်အိုင်ယာလန်တို့ဖြစ်ပြီး မဲခွဲပွဲကို မနက်ဖြန် ပြုလုပ်မှာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း(၄၈)သင်း ပါဝင်တဲ့ပြိုင်ပွဲအဖြစ် ကျင်းပသွားမှာဖြစ်တာကြောင့် နောက်ထပ် (၉)သင်းသာ အဖြေပေါ်ဖို့ လိုအပ်ပါတော့တယ်။