
အစိုးရအနေဖြင့် စတင်တာဝန်ယူချိန်ကစပြီး “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” ဆိုသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို အရှိန်အဟုန်မြှင့် ဖော်ဆောင်ခဲ့ပါကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုရှိမှသာလျှင် ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာစေရန်နှင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရန်အတွက် ရက်ပေါင်း (၁၀၀) အတွင်းတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးတံခါးကိုလည်း ထာဝရဖွင့်လှစ်ပြီး ဖိတ်ခေါ်ခဲ့ကြောင်း။
တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ပေါက်လာစေရေး နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်နိုင်ရန် အချက် ၄၃ ချက်ပါ ပြင်ဆင်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊ ကြုံတွေ့နေရသည့် သဘောထားကွဲလွဲမှုများနှင့် လိုလားချက်များကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ အေးချမ်းစွာ အဖြေရှာကြရန် အလေးအနက်ထားပြီး ထပ်မံတိုက်တွန်းလိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) အားလုံးကို တွေ့ဆုံဆွေးနွေးရန် အမြဲဖိတ်ခေါ်နေကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း။
(နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားသည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းကောက်နှုတ်ချက်)
#MNP #News