Eleven Media Group

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ အစိုးရအိမ်တော်တွင် တွေ့ဆုံဆွေးနွေး

■ မြန်မာ--ထိုင်း နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပခဲ့ပြီး နှစ်နိုင်ငံအကြား စာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိသည့်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်တို့ ထိုင်းနိုင်ငံ အစိုးရအိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ယနေ့(သြဂုတ် ၆ ရက်)နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် တို့သည် ထိုင်းနိုင်ငံ အစိုးရအိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထို့သို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် တို့ သီးသန့်တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာ--ထိုင်း နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထို့နောက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများသည် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား စာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group