
ရုရှားက ယူကရိန်းရှိ ရထားဘူတာရုံနှင့် ကုန်သင်္ဘောတို့ကို တိုက်ခိုက်ခဲ့သောကြောင့် ယူကရိန်းက ညအချိန်တိုက်ခိုက်မှုအတွင်း နယ်စပ်မှ ကီလိုမီတာ ရာချီဝေးသော နေရာမှ ရုရှားရေနံစက်ရုံနှစ်ရုံကို တိုက်ခိုက် ခဲ့သည်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီးက သြဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။
နှစ်ဖက်စလုံး လွန်ခဲ့သောလများတွင် တာဝေးရှိ ပစ်မှတ်များကို တိုက်ခိုက်မှုများပို မိုလုပ်ဆောင်ခဲ့သောကြောင့် အရပ်သားသေဆုံးမှုများ မြင့်တက်လာခဲ့သည်။
ယူကရိန်းက ရုရှားကို စံချိန်တင်ဒရုန်းအများအပြား ပစ်လွှတ်ခဲ့ပြီး ရုရှားကလည်း ဒုံးကျည်အရေအတွက် အများဆုံးဖြင့် ယူကရိန်းကို တိုက်ခိုက်ခဲ့သည်။
ယူကရိန်းက ရှေ့တန်းမှ ကီလိုမီတာ ၁,၃၀၀(မိုင် ၈၀၀) ဝေးသော ဘက်ရှ်ကော့တို စတန်ရှိ ရေနံသန့်စင်စက်ရုံနှင့် ရှေ့တန်းမှ ကီလိုမီတာ ၇၀၀ ဝေးသော ရာယိုဆလပ် ဒေသရှိ ရေနံစက်ရုံတို့ကို တိုက်ခိုက်ခဲ့သည်ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
“သံတမန်ရေးအလားအလာအတွက် တိုက်ခိုက်တာတွေကို အားကောင်းအောင် လုပ်ဆောင်နေပါတယ်”ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
“ရုရှားဟာ ငြိမ်းချမ်းရေးကို ရွေးချယ်ရပါမယ်”ဟု ဇယ်လန်းစကီးက ဖြည့်စွက်ပြောကြားခဲ့ပြီး ရေနံစက်ရုံ၏အပေါ်မှ မီးခိုးများထွက်နေသည့် ဗီဒီယိုကို ပို့စ်တင်ခဲ့သည်။ ထိုဗီဒီယိုသည် ရုရှားမီဒီယာမှ တင်ထားသော ဗီဒီယိုဖြစ်သည်။
ညပိုင်းတွင် ယူကရိန်း ဒရုန်း ၆၀၅ စင်းကို ပစ်ချခဲ့သည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက စောစောပိုင်းတွင် ပြောကြားခဲ့သည်။