Eleven Media Group

■ ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအနက် နိုင်ငံ့ဝန်ထမ်းနှင့် ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်လိုသူ ရှစ်ဦးကို အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေး

ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအနက် နိုင်ငံ့ဝန်ထမ်းနှင့် ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်လိုသူ ရှစ်ဦးကို အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအနက် ပြည်တွင်းအလုပ်အကိုင် ပြန်လည်နေရာချထားမှုခံယူလိုသူ၊ နိုင်ငံ့ဝန်ထမ်းလုပ်ကိုင်လိုသူ သုံးဦးနှင့် ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်လိုသူ ငါးဦးတို့ကို အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၇ ရက်က ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးအတွက် ပြည်တွင်းအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ (၂/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အလုပ်သမားဝန်ကြီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့ပြီး ကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်မှု၊ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုများနှင့် လုပ်ငန်းအတွေ့အကြုံများအရ သင့်လျော်သည့် အလုပ်အကိုင်များရရှိစေရေး ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများအနေဖြင့် ပြည်သူ့စစ်မှုထမ်းများမှ ဆန္ဒပြုသည့်ဌာန၊ လုပ်ငန်းများ၏ HR များနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များ၏ ဆွေးနွေးတင်ပြမှုများအပေါ် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group