Eleven Media Group

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၂၁၅၀ စင်တီမီတာသို့ ရောက်ရှိလာပြီး မြစ်ကမ်းအနီး အနိမ့်ပိုင်းနေထိုင်သူများ စတင်ရွှေ့ပြောင်း

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ ယခုသြဂုတ်လ ၁၀ ရက် မွန်းလွဲပိုင်းတွင် စိုးရိမ်ရေအမှတ် ၂၁၅၀ စင်တီမီတာသို့ ရောက်ရှိလာပြီး မြစ်ကမ်းအနီး အနိမ့်ပိုင်းနေထိုင်သူများ စတင်ရွှေ့ပြောင်းနေပြီဖြစ်ကြောင်း သိရသည်။

မြစ်ရေဆက်တိုက် မြင့်တက်လာသည့်အတွက် အနိမ့်ပိုင်းရပ်ကွက်ရှိလူနေအိမ်များထိ မြစ်ရေဝင်ရောက် လာပြီး ယနေ့မနက်မှ စတင်ရွှေ့ပြောင်းနေပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အမှတ် ၁ အနိမ့်ပိုင်းကတော့ အိမ်ခြေ ၃၀ လောက် ပြောင်းဖို့ စာရင်းပေးထားတယ်။ ​လောလော ဆယ် သူတို့စား​ဝတ်နေရေးလေး စီစဉ်နေကြတယ်။ သက်ဆိုင်ရာ​ကတော့ အဖွဲ့စုံလိုက်ကြည့်နေတယ် ” ဟု အမှတ် ၁ ရပ်ကွက် နေထိုင်သူတစ်ဦးက ပြောသည်။

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေအမှတ်အထက် ၂ ပေကျော်ထိ ရောက်ရှိနိုင်ပြီး ရေတက်ရက် ၃ ရက်ခန့် ကျန်ရှိကြောင်းသိရပြီး ရေဘေး​ရှောင်သူ ပိုမိုများပြားလာနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ပခုက္ကူ​မြို့အနီး ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေအမှတ်အထက် ၄ပေခွဲထိ ကျော်လွန်ရောက်ရှိခဲ့ပြီး ဒေသခံအများအပြား ရွှေ့ပြောင်းမှု ပြုလုပ်ခဲ့ရသည်။

မူရင်းသတင်း — Eleven Media Group