Eleven Media Group

ကိုလံဘီယာတွင် ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခဲ့ပြီး လက်ရှိသေဆုံးသူ ၂၀ ​ကျော်ရှိလာ

ကိုလံဘီယာနိုင်ငံအနောက်ပိုင်းတွင် ဩဂုတ် ၁၀ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းက အင်အားပြင်းမြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အဆောက်အအုံများ ပြိုကျခဲ့ကာ ​သေဆုံးသူ ၂၆ ဦး ရှိလာပြီဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

အမေရိကန် ဘူမိဗေဒလေ့လာ​ရေးဌာန၏ အဆိုအရ ငလျင်ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိပြီး ဩဂုတ် ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၄ မိနစ်တွင် လှုပ်ခတ်ခဲ့ကာ မြေအောက် ၆၆ မိုင်အနက်မှ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ငလျင်ဗဟိုချက်က ကိုလံဘီယာနိုင်ငံ ချိုကိုဒေသရှိ ဆန်ဟိုဆေး ဒယ်လ်ပါမာမြို့အနီးတွင်ဖြစ်သည်။

ငလျင်တုန်ခါမှုကို ကိုလံဘီယာအနှံ့ ခံစားခဲ့ရသည့်အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဗင်နီဇွဲလား၊ အီကွေဒေါနှင့် ပနားမားနိုင်ငံတို့တွင်လည်း သိရှိခံစားခဲ့ရသည်။

ဗင်နီဇွဲလားတွင် အင်အားပြင်းမြေငလျင်နှစ်ကြိမ် လှုပ်ခတ်ပြီး လူ ၆၁၀၀ ကျော် သေဆုံးခဲ့ပြီးနောက် နှစ်လပင် မပြည့်သေးချိန် ကိုလံဘီယာတွင် ယခုငလျင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကိုလံဘီယာ ဘူမိဗေဒဌာန၏ အတည်ပြုချက်အရ ၁၀ နှစ်အတွင်း ကိုလံဘီယာနိုင်ငံတွင် အင်အားအပြင်းဆုံး မြေငလျင်ဖြစ်ပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံတွင်းရှိ လေဆိပ်ခုနစ်ခုကို ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

Photo: AP / Getty Images / EPA

မူရင်းသတင်း — Eleven Media Group