
လေးမျက်နှာမြို့နယ်အတွင်းသို့ ရေစီးကျော်ဝင်ရောက်နေသော ငဝန်မြစ်တာဘောင်နေရာများကို ပြုပြင်တားဆီးမှုများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ယနေ့(သြဂုတ် ၁၁ ရက်)က ဆက်လက်လုပ်ဆောင်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းဖြစ်စဉ်ကြောင့် ရေဝင်ရောက်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား သြဂုတ် ၁၁ ရက်တွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်များ၊ လူမှုရေးကူညီရေးအသင်းအဖွဲများ၊ သက်ဆိုင်ရာအဖွဲအစည်းများပူးပေါင်း၍ တာဘောင်များပြုပြင်ခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။