သွေးအားနည်းရောဂါကာကွယ်ရန် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်းနှင့် အလယ်တန်းနှင့် အထက်တန်းကျောင်းသူများကို သံဓာတ်ဆေးပြား တစ်ပတ်လျှင် နှစ်ကြိမ် တိုက်ကျွေးခြင်း၊ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းတို့လည်း လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ဩဂုတ် ၁၀ ရက်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုနှင့် လူနေမှုပုံစံများ ရရှိစေရေး ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ် သင်ကြားပေးခြင်း၊ အမှိုက်ကင်းစင်ရေး၊ သန့်ရှင်းသည့် ယင်လုံအိမ်သာသုံးစွဲရေး၊ သန့်ရှင်းသည့်ရေရရှိရေးစသည့် ပတ်ဝန်းကျင်သန့်ရှင်းရေးများကို ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် တစ်ကိုယ်ရည် သန့်ရှင်းရေးအလေ့အကျင့်များ ရရှိကျင့်သုံးစွဲမြဲစေရန် စနစ်တကျလက်ဆေးခြင်း၊ သွားတိုက်ခြင်းစသည်တို့ကို သင်ကြားပေးခြင်း၊ သွေးအားနည်းရောဂါကာကွယ်ရန် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်းနှင့် အလယ်တန်းနှင့် အထက်တန်းကျောင်းသူများကို သံဓာတ်ဆေးပြား တစ်ပတ်လျှင် နှစ်ကြိမ် တိုက်ကျွေးခြင်း၊ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းတို့လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ကျောင်းတွင်းအစားအစာများ အန္တရာယ်ကင်းဝေးစေရေး လုပ်ငန်းများဖြစ်သည့် ကျောင်းမုန့်ဈေးတန်းကိုလည်း ပုံမှန်စစ်ဆေးပြီး အာဟာရပြည့်ဝသည့် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကိုသာ ရောင်းချစေခြင်း၊ အစားအစာရောင်းချသူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ မျက်စိနှင့် သွားကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ပဏာမကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံတော်က ချမှတ်ထားသော အမျိုးသားကျန်းမာရေးစီမံကိန်းတွင် ပါဝင်သည့် ကျောင်းကျန်းမာရေး စီမံချက်များကို ကြီးကြပ်ဆောင်ရွက်နိုင်ရန်နှင့် ကျောင်းသားလူငယ်တစ်ရပ်လုံး ကျန်းမာကြံ့ခိုင်စေရေး ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် “ကျောင်းကျန်းမာရေးဗဟိုကော်မတီ” ကို ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ အလားတူ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျောင်းအဆင့်များတွင် ကျောင်းကျန်းမာရေးကော်မတီများကို ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများအပြင် လူမှုရေးအသင်းအဖွဲ့များ၊ အမှန်တကယ်စိတ်ပါဝင်စားစွာ ဆောင်ရွက်ပေးနိုင်သူများနှင့် ဖွဲ့စည်းပြီး ထိရောက်အောင်မြင်အောင် လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ယခုကဲ့သို့ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းအလိုက် ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်များ ထားရှိခြင်းကို (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် KG မှ စတင်ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မူလတန်းအရွယ်ကလေးများအပြင် ဆယ်ကျော်သက်အရွယ်ကလေးများတွင်ပါ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ယခုပညာသင်နှစ်မှစတင်ပြီး Grade-12 အထိစဉ်ဆက်မပြတ် လွမ်းခြုံမှုရရှိအောင် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ထို့အပြင် ၂၀၃၀ ပြည့်နှစ်တွင် မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်း တိုးမြင့်လာရေး ဆောင်ရွက်လျက်ရှိခြင်းကြောင့် အရွယ်မတိုင်ခင်သေဆုံးမှုများကို လျှော့ချရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ ရရှိစွဲမြဲကျင့်သုံးတတ်စေရန် ကျောင်းနေစဉ်အရွယ်ကတည်းက လေ့ကျင့်သင်ကြားပေးသွားကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်သည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်နှင့်ပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များကို ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။