
တောင်ပြုံးပွဲတော်ကာလအတွင်း သရဲစျေးမှ- မတ္တရာ ရထားခရီးစဉ်ကို သြဂုတ်လ ၁၉ ရက်နေ့မှ စက်တင်ဘာ ၁ ရက်နေ့ထိ ပြန်လည်ပြေးဆွဲပေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ဇူလိုင် ၄ရက်နေ့က စတင်ကျင်းပလျက်ရှိရာ " မန္တလေး - မတ္တရာ မီးရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းကို အစည်းအဝေး (သတ္တမနေ့ )သြဂုတ်လ၁၂ရက်တွင် မတ္တရာမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂)ဒေါ်အေးအေးသန့် က မန္တလေး - မတ္တရာ မီးရထားလမ်းပိုင်းကို ၂၀၁၉ ခုနှစ် သြဂုတ်လတွင် နောက်ဆုံးပြေးဆွဲခဲ့ကာ မန္တလေး - သရဲစျေး လမ်းပိုင်းတွင် လူစီးရထားပြေးဆွဲပေးသော်လည်း ၂၀၂၂ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ခရီးသည် စီးနင်းမှုမရှိသဖြင့် ၈ လပိုင်း ၄ ရက်နေ့မှ စပြီး ထိုရထားခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း၊ မတ္တရာမြို့နယ်တွင် နေထိုင်ကြသူအများစုသည် လယ်၊ ယာ၊ ကိုင်း၊ကျွန်း လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး ဒေသခံတောင်သူလယ်သမားများအနေဖြင့် မိမိတို့ရရှိသည့် ဒေသထွက်ကုန်များကို တခြားမြို့နယ်များသို့ ရောင်းချခြင်းဖြင့် အသက် မွေးဝမ်းကျောင်းပြုကြသည်ဖြစ်ရာ ကားလမ်းဖြင့်လည်းကောင်း၊ ရထားလမ်းဖြင့်လည်းကောင်း သွားလာခဲ့ကြကြောင်း၊ လွန်ခဲ့သည့်နှစ်အနည်းမှစတင်ပြီး ယနေ့အချိန်ထိ ရထားပြေးဆွဲခြင်း ရပ်နားခဲ့ရာ ဒေသခံ ပြည်သူများအနေဖြင့် မော်တော်ကားလမ်းကိုသာ အားထားအသုံးပြုနေရသောကြောင့် ရပ်တန့်ထားသည့် မန္တလေး - မတ္တရာ ရထားလမ်းပိုင်းအား ပြန်လည်ပြေးဆွဲပေးပါက ဒေသခံများအတွက် စီးပွားရေး၊ ဖွံ့ဖြိုးရေး၊ ဆက်သွယ်သွားလာနိုင်ရေးတို့အတွက် အထောက်အကူပြုနိုင်မှာဖြစ်သည်" ဟု မေးခွန်းတွင် ထည်သွင်းပြောကြားခဲ့သည်။
" မြို့ဟောင်း - မတ္တရာဘူတာအထိ ခရီးမိုင်အကွာအဝေး၊ မြို့ဟောင်းဘူတာ မှ သရဲစျေးဘူတာထိ လမ်းပိုင်းအတွင်းရှိ ရထားလမ်းများတွင် ပိတ်ဆို့နေသည့်ခြုံနွယ်များကို ရှင်းလင်းခြင်း၊ အိုးဘိုဘူတာ မှ မတ္တရာဘူတာအထိ ရထားလမ်းဘေးဝဲ ယာ မှာရှိသည့် ခြုံရှင်းခြင်း၊ မြက်ရှင်းခြင်း၊ ကွန်ကရစ်စလီဖားတုံး လဲလှယ်ခြင်း ၊ လမ်းခင်းကျောက် ထည့်သွင်းခြင်း ၊ လမ်မြှောက်ဘက်ကင်ရိုက်ခြင်း စသည်တို့ပြုပြင်ရန် လိုအပ်နေသဖြင့်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် အောက်တိုဘာလကုန်တွင် ပြီးစီးမည်ဖြစ်သဖြင့် ရထားပြန်လည်ပြေးဆွဲရေးလုပ်ငန်းများ ကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ မန္တလေး - မတ္တရာလမ်းပိုင်း မပြေးဆွဲနိုင်မီ ကာလအတွင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၏ လမ်းညွှန်ချက်အရ သရဲစျေးဘူတာမှ တောင်ပြုံး ဘူတာအထိ ခရီးစဉ်ကို ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ သြဂုတ်လ ၁၉ ရက်နေ့ကစတင်ပြီး စက်တင်ဘာလ ၁ ရက်နေ့အထိ တောင်ပြုံးပွဲတော်ကာလအတွင်း ရထားခရီးစဉ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း"မေးခွန်းနှင့်ပတ်သက်ပြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက် က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
#တောင်ပြုံးပွဲတော်ကာလ #ရထားခရီးစဉ် #elevennews
Website Link - - - >>>
■ Eleven Website:https://news-eleven.com
■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup