Eleven Media Group

မန္တလေးတိုင်း ကျောက်ဆည်တက္ကသိုလ်တွင် သံကူကွန်ကရစ် နှစ်ထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်

မန္တလေးတိုင်း ကျောက်ဆည်တက္ကသိုလ်တွင် သံကူကွန်ကရစ် နှစ်ထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နေကြောင််း သိရသည်။

သြဂုတ်် ၁၁ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်တက္ကသိုလ်တွင် တည်ဆောက်လျက်ရှိသည့် အဆောက်အဦများ၊ သာစည်မြို့တွင် တည်ဆောက်မည့် ရထားလမ်းခုံးကျော်တံတားနှင့် ပျော်ဘွယ်မြို့တွင် တည်ဆောက်မည့် ရထားလမ်း ခုံးကျော်တံတားနေရာတို့အား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမရွာရှိ ကျောက်ဆည်တက္ကသိုလ်သို့ သွားရောက်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်တို့နှင့်အတူ Ziyar Den Myanmar Co.,Ltdမှ (၂၄၅)ပေx (၁၆၄)ပေ သံကူကွန်ကရစ် (၂)ထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဒုတိယဝန်ကြီးက Myanmar National Building Code 2025 (MNBC)ကို ထုတ်ပြန်ထားပြီးဖြစ်၍ သတ်မှတ်ချက်များ အတိုင်း လိုက်နာတည်ဆောက်သွားရန်လိုပါကြောင်း၊ အရည်အသွေးစစ်ဆေးရေး အဖွဲ့များမှလည်း Foundation ကနေ အဆောက်အဦပြီးစီးသည်အထိ အဆင့်လိုက် စစ်ဆေးဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ်စစ်ဆေးသွားရန်လိုကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကိုလည်း အရည်အသွေးပြည့်မီစွာအသုံးပြုတည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက်ပါအတိုင်း ပြီးစီးအောင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသား/ကျောင်းသူများ အားကစားလုပ်ခြင်း၊ အပန်းဖြေခြင်း၊ ကိုယ်ကာယလေ့ကျင့်ခြင်း၊ လူမှုရေးလှုပ်ရှားမှုများပြုလုပ်နိုင်သည့် အလျား(၁၆၈)ပေ x အနံ(၁၆၀)ပေ x အမြင့်(၄၀)ပေ Recreation center အဆောက်အဦ အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အားကြည့်ရှုပြီး ရေသန့်၊လျှပ်စစ် လုပ်ငန်းများကိုလည်း တစ်ပြိုင်တည်းပြီးစီးရေး ဆောင်ရွက်သွားရန်နှင့် တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီးကြပ်သွားရန် ပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရထားလမ်းခုံးကျော်တံတား(သာစည်) လျာထား တည်ဆောက်မည့်နေရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ရောက်ရှိရာ တာဝန်ခံ အင်ဂျင်နီယာမှ ရထားလမ်းခုံးကျော်တံတား(သာစည်) လျာထားတည်နေရာပြမြေပုံ၊ မြေစမ်းသပ်ခြင်း လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေနှင့်မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်တွင် ယာဉ်များဖြတ်သန်းသွားလာမှုအခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တည်ဆောက် ရန်လျာထားသော ရန်ကုန်-မန္တလေးရထားလမ်းနှင့် မိတ္ထီလာ-တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် ကားလမ်းတို့ဆုံသည့် မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင် ၊ သာစည်မြို့တွင်း လမ်းဆုံနေရာရှိ ရထားလမ်းခုံးကျော် တံတား(သာစည်) တည်ဆောက်မည့်နေရာတွင် ပဏာမတိုင်း တာလေ့လာမှုပြုလုပ်ခြင်းများကို ကြည့်ရှုကြကြောင်း သိရသည််။

ရထားလမ်းခုံးကျော်တံတား (သာစည်) သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ၊ သာစည်မြို့၊ ပြည်ထောင်စုလမ်းမကြီး (AH2) မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း မိုင်တိုင်အမှတ်(၁၃/၀-၁) ကြားတွင် တည်ရှိ၍ ရန်ကုန် - မန္တလေးရထားလမ်း (ပျော်ဘွယ် - သဲတော) အပိုင်း သာစည်ဘူတာရုံမရောက်မီပေ(၁၃၀၀)အကွာနှင့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ကားလမ်းဆုံသည့်နေရာတွင် ရထားလမ်းခုံးကျော်တံတား(သာစည်)အဖြစ်တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေးရထားလမ်း နှင့် ရန်ကုန်-တောင်ငူ - မန္တလေးကားလမ်း လမ်းဆုံရှိ ရထားလမ်းခုံးကျော်တံတား (ပျော်ဘွယ်) လျာထား တည်ဆောက်မည့်နေရာသို့ ရောက်ရှိရာ အင်ဂျင်နီယာချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ ရန်ကုန် - တောင်ငူ - မန္တလေးလမ်း (ရမည်းသင်းတိုးလ်ဂိတ်)တွင် Express (၈၆)စီး၊ ကုန်တင်ယာဉ် (၅၁၁)စီး၊ ၆ဘီးအထက်ယာဉ်(၁၉၈၈)စီး၊ အိမ်စီးကား(၉၉၀)စီး၊ စုစုပေါင်း(၃၅၇၅)စီး၊ ပျော်ဘွယ်-ရွာမွန်-နတ်မောက်-ကံပြား(မကွေး)လမ်း (နဒီရွှေဝါတိုးလ်ဂိတ်)တွင် Express (၆၉)စီး၊ ကုန်တင်ယာဉ် (၁၆၄)စီး၊ ၆ဘီးအထက်ယာဉ်(၂၆)စီး၊ အိမ်စီးကား(၃၇၄)စီး၊ စုစုပေါင်း(၆၃၃)စီး၊ ရန်ကုန်-တောင်ငူ-မန္တလေးလမ်း (ပျော်ဘွယ်-မန္တလေးအပိုင်း)တွင် Express (၆၅)စီး၊ ကုန်တင်ယာဉ် (၆၈၅)စီး၊ ၆ဘီး အထက်ယာဉ်(၅၁၀)စီး၊ အိမ်စီးကား(၁၂၆၈)စီး၊ စုစုပေါင်း(၂၅၂၈)စီး၊ ပျော်ဘွယ် - ဘုရားငါးဆူလမ်း (မင်းရာမတိုလ်းဂိတ်)တွင် Express(၁၁၅)စီး၊ ကုန်တင်ယာဉ်(၆၁၁)စီး၊ ၆ဘီးအထက်ယာဉ်(၆၉၆)စီး၊ အိမ်စီးကား(၉၉၃)စီး၊စုစုပေါင်း(၂၄၁၅)စီးတို့ ဂိတ်အလိုက်နေ့စဉ်ဖြတ်သန်းသွားလာနေမှုအခြေအနေ၊ ပျော်ဘွယ်(အရှေ့)မြို့ရှောင်လမ်း ဆောင်ရွက်ရန်လျာထားမှုအခြေအနေ၊ ရထားလမ်းခုံးကျော်တံတား Conceptual Design (၃)ခုနှင့်စပ်လျဉ်း၍ တွေ့ကြုံရမည့် စိန်ခေါ်မှုများ၊ စိန်ခေါ်မှုလျော့ချရေးဆောင် ရွက်ရမည့်အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တည်ဆောက်ရန်လျာထားသော ရန်ကုန် - မန္တလေး ရထားလမ်း နှင့် ရန်ကုန် - တောင်ငူ - မန္တလေး ကားလမ်းတို့ဆုံသည့် လမ်းဆုံနေရာရှိရထားလမ်းခုံးကျော်တံတား (ပျော်ဘွယ်) တည်ဆောက်မည့်နေရာတွင် ပဏာမတိုင်း တာလေ့လာမှုပြုလုပ်ခြင်းကိုကြည့်ရှုခဲ့သည်။

ရထားလမ်းခုံးကျော်တံတား (ပျော်ဘွယ်)သည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့လယ်တွင်တည်ရှိပြီး ပြည်ထောင်စုလမ်းမကြီး (AH1) ရန်ကုန်-တောင်ငူ-မန္တလေးလမ်း မိုင်တိုင်အမှတ်၂၈၅/၇-၂၈၆/ဝကြားတွင် တည်ဆောက်ရန်လျာထားကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group