
လိုင်လီအသင်းရဲ့နည်းပြ ဒါဗီဒီအန်ဆယ်လော့တီက ကွင်းလယ်ကစားသမား ဘူအာဒီရဲ့ အပြောင်းအရွှေ့အတွက် မန်စီးတီးအသင်းနဲ့ ဆွေးနွေးနေကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
အသက်(၁၈)နှစ်သာရှိသေးတဲ့ ဘူအာဒီဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဖြစ်ပြီး အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးအတွက်သာ ညှိနှိုင်းဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။
မန်စီးတီးအသင်းက ဘူအာဒီကို ယူရိုသန်း(၁၀၀)နဲ့ ကမ်းလှမ်းထားခြင်းဖြစ်ပြီး လိုင်လီအသင်းက ယူရိုသန်း(၁၃၀)အထိ အလိုရှိနေပေမဲ့ လက်ရှိအချိန်မှာ သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
မန်စီးတီးအသင်းက စပိန်ကွင်းလယ်ကစားသမား ရိုဒရီကို ဘာစီလိုနာအသင်းဆီ ရောင်းထုတ်ဖို့ လက်ခံခဲ့ပြီဖြစ်တာကြောင့် ဘူအာဒီကို အမြန်ဆုံးခေါ်ယူအစားထိုးနိုင်ဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။
မော်ရိုကိုလက်ရွေးစင်ကစားသမား ဘူအာဒီဟာ လိုင်လီအကယ်ဒမီက ထွက်ပေါ်လာသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းမပြခင်ကတည်းက ထိပ်သီးအသင်းများစွာရဲ့ ပစ်မှတ်ကစားသမားဖြစ်ခဲ့သူပါ။