Eleven Media Group

ဘိုင်ယန်မြူးနစ်အသင်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဂိုးသမား ပစ်ဖို့ဒ်ကို ဆက်ထိန်းထားနိုင်မယ်လို့ အဲဗာတန်အသင်း ယုံကြည်

Photo: X

အဲဗာတန်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဂိုးသမား ပစ်ဖို့ဒ်ကို အသင်းမှာ ဆက်ထိန်းထားနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နံပါတ်(၁)ဂိုးသမားဖြစ်တဲ့ ပစ်ဖို့ဒ်ကို ဘိုင်ယန်မြူးနစ်အသင်းက အခုတစ်ပတ်အတွင်းမှာ ချိတ်ဆက်မှုပြုလုပ်ခဲ့ကြောင်း သတင်းထွက်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကစားသမားတွေကို ပိုမိုခေါ်ယူလာတဲ့ ဘိုင်ယန်မြူးနစ်အသင်းက ပစ်ဖို့ဒ်ကို ကမ်းလှမ်းမှုပြုလုပ်ဖို့ စီစဉ်လာခြင်းဖြစ်ကြောင်း သိရပါတယ်။
ပစ်ဖို့ဒ်(၃၂ နှစ်)က အဲဗာတန်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး လက်ရှိအသင်းမှာ ပျော်ရွှင်နေတာကြောင့် စာချုပ်သက်တမ်းမပြည့်ခင် လမ်းခွဲဖွယ်မရှိကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ပစ်ဖို့ဒ်ဟာ ၂၀၁၇ နွေရာသီမှာ ဆန်းဒါးလန်းကနေ အဲဗာတန်အသင်းကို ပေါင်သန်း(၃၀)နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိအသင်းအတွက် ပြိုင်ပွဲစုံ(၃၆၅)ပွဲ ကစားပေးထားပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းအတွက်တော့ (၉၁)ပွဲ ကစားပေးထားပြီး လက်ရှိအချိန်မှာ နည်းပြ သောမတ်စ်တူဟယ်လ်က လိဒ်စ်ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကို အခွင့်အရေးပေးဖို့ စီစဉ်လာကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group