
မန်ယူအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ အင်္ဂလန်နောက်ခံလူ စမောလင်းဟာ ပေါ်တိုအသင်းနဲ့ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
အသက်(၃၆)နှစ်ရှိပြီဖြစ်တဲ့ စမောလင်းဟာ မန်ယူအသင်းမှာ ၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့သူဖြစ်ပြီး ဖူလ်ဟမ်နဲ့ ရိုးမားအသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။
စမောလင်းဟာ ၂၀၂၄ ကနေ ၂၀၂၆ ခုနှစ်အထိ ဆော်ဒီကလပ် အယ်လ်ဖေဟာအသင်းမှာ ကစားခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီမှာ လမ်းခွဲခဲ့ပြီးနောက် ပေါ်တိုအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။
ပေါ်တိုအသင်းနဲ့ ရာသီကုန်အထိသာ စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်မယ့် သဘောတူညီချက် ပါဝင်ကြောင်း သိရပါတယ်။
စမောလင်းက ဗုဒ္ဓဟူးနေ့မှာ ဆေးစစ်မှုပြုလုပ်ခဲ့ပြီးနောက် ပေါ်တိုအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။
ပေါ်တိုအသင်းက ၂၀၂၆-၂၇ ရာသီ ပေါ်တူဂီလိဂ်ပြိုင်ပွဲမှာ (၇)ပွဲစလုံး အနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။