Eleven Media Group

ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဘတ်ရှူအာယီ ဆော်ဒီကလပ် အက်ဘ်ဟာအသင်းနဲ့ သဘောတူညီမှုရရှိ

Photo: X

ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဘတ်ရှူအာယီဟာ ဆော်ဒီကလပ် အက်ဘ်ဟာအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။
အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံကစားသမား ဘတ်ရှူအာယီဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ရုန်းကန်ခဲ့ရတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဘတ်ရှူအာယီက ၂၀၁၆ ကနေ ၂၀၂၂ အထိ ချယ်လ်ဆီးအသင်းနဲ့ လက်တွဲခဲ့ပေမဲ့ ပြိုင်ပွဲစုံ(၇၇)ပွဲသာ ကစားခွင့်ရခဲ့ပြီး အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ရတာက များခဲ့ပါတယ်။
ချယ်လ်ဆီးနဲ့ လမ်းခွဲပြီးနောက် ဖီနာဘာချီနဲ့ ဂါလာတာစာရေးအသင်းတွေဆီ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၅ ဖေဖော်ဝါရီမှာတော့ ဖရန့်ဖတ်အသင်းကို ရောက်ရှိခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်အသင်းမှာ ပြိုင်ပွဲစုံ(၁၀)ပွဲသာ ကစားခွင့်ရခဲ့တာကြောင့် အသင်းသစ်ရှာဖွေခဲ့တာပါ။
အက်ဘ်ဟာအသင်းက ဒီရာသီမှာမှ ဆော်ဒီပရိုလိဂ်ကို တန်းတက်ခွင့်ရရှိလာတဲ့အသင်းဖြစ်ပြီး ဘတ်ရှူအာယီအတွက်တော့ ကစားသမားဘဝ (၁၁)သင်းမြောက်အဖြစ် မှတ်တမ်းဝင်မှာဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group