
ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်က အသင်းဟောင်း ချယ်လ်ဆီးရဲ့ နောက်ခံလူ ချာလိုဘာကို ခေါ်ယူခဲ့ပြီးနောက် တိုက်စစ်မှူး ဒီလပ်ကို ထပ်မံခေါ်ယူဖို့ ချိန်ရွယ်နေကြောင်း သိရပါတယ်။
ကိုမိုအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် ရရှိထားတာကြောင့် အားဖြည့်မှုတွေ ပြုလုပ်နေပြီး အင်္ဂလန်နောက်ခံလူ ချာလိုဘာကို ယူရိုသန်း(၃၀)နဲ့ ခေါ်ယူထားပါတယ်။
အခု အင်္ဂလန်တိုက်စစ်မှူး ဒီလပ်ကို ခေါ်ယူဖို့ ချိန်ရွယ်နေတာဖြစ်ပြီး ချယ်လ်ဆီးအသင်းက ပေါင်သန်း(၄၀) အလိုရှိနေကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက ဒီလပ်(၂၃ နှစ်)ကို ၂၀၂၅ နွေရာသီမှာ ပေါင်သန်း(၃၀)နဲ့ ခေါ်ယူထားခြင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဒီလပ်ကို ခေါ်ယူဖို့ နော်တင်ဟမ်ဖောရက်စ်၊ နယူူးကာဆယ်နဲ့ အဲဗာတန်အသင်းတို့ကလည်း စိတ်ဝင်စားနေပြီး ဒီလပ်က ပရီးမီးယားလိဂ်မှာ ဆက်ကစားဖို့ ပိုမိုလိုလားနေကြောင်း သိရပါတယ်။
ဒီလပ်က ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၄၇)ပွဲကစားရာမှာ (၃)ဂိုးသာ သွင်းယူထားနိုင်ကြောင်း သိရပါတယ်။