Eleven Media Group

လဝကဒုဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်

လဝကဒုဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ကြောင်း သြဂုတ် ၁၇ ရက်တွင် နိုင်ငံတော်သမ္မရုံးက ထုတ်ပြန်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က)၊ (ဃ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၉)တို့ပါ ပြဌာန်းချက်များအရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က)၊ (ဃ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၉)တို့ပါ ပြဌာန်းချက်များအရ ဦးရဲထွန်းဦးအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group