
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြိုသို တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လိှုင်သည် ယနေ့(သြဂုတ် ၁၈ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်နိုင်ငံ သမ္မတ H.E. Mr. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြိုသို တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လိှုင်သည် မော်စကိုမြိုရှိ ကရင်မလင်နန်းတော်တွင် ရုရှားဖက်ဒရေးရှင်နိုင်ငံ သမ္မတ H.E. Mr. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲသို နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲဝင်များအဖြစ် လိုက်ပါသွားသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်နိုင်ငံ သမ္မတ H.E. Mr. Vladimir Vladimirovich Putin နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။