Eleven Media Group

အမေရိကန်၏ ပိတ်ဆို့မှုများသည် အောင်မြင်မှုရရှိလိမ့်မည်မဟုတ်ဟု အီရန်သမ္မတပြောကြား

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအစီအစဉ်များသည် အောင်မြင်မှုရရှိလိမ့်မည်မဟုတ်ကြောင်း အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

အီရန်စစ်ပွဲစတင်ခဲ့သည်မှာ ၆ လနီးပါးရှိလာချိန်တွင် အီရန်က အဓိကကျသော ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ထားဆဲ ဖြစ်သလို အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့်ဆက်လက်ပိတ်ဆို့ထားသည်။

ထို့နောက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများကို တိုးမြှင့်ခဲ့ပြီး ပိတ်ဆို့မှုများတွင် ပူးပေါင်းပါဝင်ခြင်းမရှိသည့် နိုင်ငံများကိုလည်း အကျိုးဆက်များ ခံစားရမည်ဟု သတိပေးခဲ့သည်။

အီရန်သမ္မတပီဇက်ရှ်ကီယန်ကမူ အမေရိကန်၏ ပိတ်ဆို့မှုများသည် မည်သည့်အောင်မြင်မှုမျှ ရရှိလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

"စစ်ပွဲမှာ ဘာမှ မအောင်မြင်ခဲ့သလိုပဲ၊ အမေရိကန်ဟာ ဒီအဆင့်မှာလည်း စီးပွားရေး ဖိအားပေးမှုတွေနဲ့ ဘာမှ အောင်မြင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အခုအချိန်အထိ လုပ်ဆောင်ခဲ့သလိုပဲ စီးပွားရေး ဖိအားတွေကို ကြံ့ကြံ့ခံ ရပ်တည်သွားမှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group