
အိန္ဒိယတွင် ဆန္ဒပြမှုများအတွင်း ဖမ်းဆီးခံခဲ့ရသည့် ပိုးဟပ်လှုပ်ရှားမှုခေါင်းဆောင်များ ပြန်လည် လွတ်မြောက်လာ ကြောင်းရိုက်တာသတင်းတွင် ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌဂျာနက်ရှ် ကူးမားအား နှုတ်ထွက်ပေးရန် နိုင်ငံတစ်ဝန်းဆန္ဒပြမှုများ ဖြစ်ပွားနေပြီး နယူးဒေလီရဲတပ်ဖွဲ့က ပိုးဟပ်ဂျန်တာပါတီ (CJP) လှုပ်ရှားမှုကို တည်ထောင်သူများ၊ အတိုက်အခံနိုင်ငံရေးသမားများ၊ သတင်းထောက်များ၊ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များ၊ ရှေ့နေများအပါအဝင် ဆန္ဒပြသူ ၁၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထို့နောက် CJP ခေါင်းဆောင် အဘီဂျစ်ဒစ်ပ်ကီနှင့် အခြားခေါင်းဆောင်နှစ်ဦးသည် နာရီပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု ဒစ်ပ်ကီ၏ရှေ့နေက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ကူးမားသည် အာဏာရ BJP ပါတီကို အသာစီးရစေရန်အတွက် မဲစာရင်း ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ဆန္ဒပြသူများက စွပ်စွဲခဲ့ပြီး ၄င်းအားရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် အတိုက်အခံပါတီများက မဲဆန္ဒရှင်စာရင်းများမှ ပယ်ဖျက်ခံရမှုများသည် မကြာသေးမီက BJP ပါတီအနိုင်ရရှိခဲ့သည့် ပြည်နယ်ရွေးကောက်ပွဲအချို့၏ ရလဒ်များအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း ပြောဆို ကြပြီး ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံ၏ ရွေးကောက်ပွဲများအပေါ် သံသယများ ပေါ်ပေါက်စေခဲ့သည်ဟု ထောက်ပြကြသည်။
Ref:Reuters