Eleven Media Group

ရုရှားသမ္မတဗလာဒီမာပူတင်က ယူရိန်းစစ်ပွဲကို ပြေငြိမ်းလိုနေသည်ဟု သမ္မတဒေါ်နယ်ထရန့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကရုရှားသမ္မတ ဗလာဒီမာပူတင်သည်ယူကရိန်းစစ်ပွဲတွင် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိလိုသော်လည်းယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးက လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရန် ငြင်းဆန်နေသည်ဟု ပြောကြားခဲ့သည်။

​အောက်တိုဘာ ၁၀ ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် သမ္မတ ထရန့်က "ရုရှားဟာ သဘောတူညီချက် ရယူလိုပေမဲ့ ဘာကြောင့်လဲတော့ မသိဘူး၊ ဇယ်လန်စကီးက သဘောတူညီချက်မယူချင်ဘူးဖြစ်နေပါတယ်" ဟု ပြောကြားခဲ့သည်။

​အောက်တိုဘာ ၉ ရက်တွင် ရုရှားသမ္မတ ပူတင်နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ရာတွင်လည်း ပူတင်က ယူကရိန်းပဋိပက္ခကို ပြေလည်အောင် ဖြေရှင်းလိုသည့် ဆန္ဒပြင်းပြလျက်ရှိသည်ကို တွေ့ရကြောင်း ထရန့်က ပြောသည်။

​ထို့အပြင် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ယူကရိန်း၌ ရွေးကောက်ပွဲ ကျင်းပခြင်း မရှိသေးသည့်ကိုထရန့်က ဝေဖန်ခဲ့ပြီး "သူ့အနေနဲ့ ရွေးကောက်ပွဲ ကျင်းပသင့်ပါတယ်။ ဒီပဋိပက္ခကို ဖြေရှင်းနိုင်မယ့် အခွင့်အရေးများစွာ ရှိခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

​ဝါရှင်တန်က ရုရှားဒီဇယ်ဆီအပေါ် ပိတ်ဆို့အရေးယူမှုအချို့ကို လျှော့ချရန် ဆုံးဖြတ်ခဲ့ပြီးနောက် ထရန့်နှင့် ဇယ်လန်စကီးတို့ တင်းမာမှုများ အပြန်အလှန် ဖြစ်ပေါ်ခဲ့သည်။

​ရုရှားစက်သုံးဆီချက်စက်ရုံများကို တိုက်ခိုက်ခြင်းမပြုရန် ၎င်း၏ သတိပေးချက်ကို ဇယ်လန်စကီးက မလိုက်နာခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုများသည် အမေရိကန်- အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် မြင့်တက်နေသော ကမ္ဘာ့စက်သုံးဆီ ပြတ်လပ်မှုပြဿနာကို ပိုမိုဆိုးရွားစေကြောင်း ထရန့်က ပြောသည်။

​တစ်ချိန်တည်းမှာပင် သမ္မတဇယ်လန်စကီးကလည်းထရန့်၏ ရုရှားနှင့်ဒီဇယ်သဘော တူညီချက်သည် အားနည်းသည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟုဝေဖန်ခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group