
သြဂုတ် ၂၆ ရက်က နီပေါနှင့်တိဘက် နယ်စပ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန်လုပ်ဆောင်သွားရန် တရုတ် သမ္မတရှီကျင်းပင်က တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်နှင့် နီပေါ နယ်စပ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှု ကြောင့် သေဆုံးသူ ၁၆ဝကျော်ရှိလာခဲ့ပြီး နိုင်ငံခြားသား ၃၀၀ အပါအဝင် လူပေါင်း ၁၃၀၀ ကျော်ပျောက်ဆုံးနေကြောင်း တာဝန် ရှိသူများက ပြောကြားခဲ့သည်။
အရှိန်အဟုန်ပြင်းထန်သည့် ရေလှိုင်း ကြီးများသည် ကျေးရွာများကို နစ်မြုပ်စေခဲ့ပြီး တံတားများလည်း ကျိုးသွားခဲ့သည့် ဗီဒီယိုမှတ် တမ်းများကို တွေ့ရသည်။
နယ်စပ်ဒေသရှိ အဓိက ကုန်သွယ်ရေး အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီး ခဲ့ရပြီး နှစ်နိုင်ငံကြား စီးပွားရေး လုပ်ငန်းများ ကာလကြာရှည် ရပ်ဆိုင်းသွားနိုင်သည့် ခြိမ်း ခြောက်မှုနှင့် ရင်ဆိုင်နေရသည်။
ထိုလုပ်ငန်းများထဲတွင် တရုတ်နှင့်နီပေါ ကုန်သွယ်မှု၏ သုံးပုံတစ်ပုံနီးပါးကို ဆောင် ရွက်ပေးနေသည့် ဂျီရုန်း ဆိပ်ကမ်းလည်းပါဝင် သည်။
တရုတ်သမ္မတ ရှီကျင်းပင်က ရှာဖွေရေး လုပ်ငန်းများကို အစွမ်းကုန် ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး နောက်ဆက်တွဲ ရိုက်ခတ်မှု များကို ကာကွယ်နိုင်ရေးအတွက် ပိုမိုအား ကောင်းသည့် စောင့်ကြည့်စစ်ဆေးရေးနှင့် ကြိုတင်သတိပေးရေး စနစ်များကိုဆောင်ရွက် ပေးမည်ဟု ကတိပြုခဲ့သည်။
အိမ်နီးချင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီကလည်း ၎င်း၏ အစိုးရအနေဖြင့် နီ ပေါနိုင်ငံအား ဖြစ်နိုင်သမျှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် အန်တိုနီယို ဂူတာရက်စ်က ထို ရေကြီးရေ လျှံမှုဖြစ်စဉ်ကြောင့် စိတ်မကောင်းဖြစ်ရ ကြောင်း ပြောကြားခဲ့ပြီးအစိုးရက ဦးဆောင် သည့် ကယ်ဆယ်ရေး လုပ်ငန်းများကို ကူညီ ရန်အတွက် ကုလသမဂ္ဂ အဖွဲ့များနှင့် ပူး ပေါင်းအဖွဲ့အစည်းများသည် နီပေါနိုင်ငံသို့ ထောက်ပံ့ရေး ပစ္စည်းများနှင့် ဝန်ထမ်းများကို စေလွှတ်ပေးရန် စုစည်းလုပ်ဆောင်လျက် ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
အမေရိကန်ကလည်း ရေဘေးသင့် လူထုအတွက် အရေးပေါ် ခိုလှုံရာနေရာ၊သောက်သုံးရေ၊ သန့်ရှင်းရေးနှင့် အခြား ကယ်ဆယ် ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန်အတွက် ဒေါ်လာ ၅၀၀၀၀၀ ကူညီပေးမည်ဟု ကတိပြုထားသည်။
ပျောက်ဆုံးနေသည့် ပြည်ပနိုင်ငံသား များအနက် ယူကရိန်းနိုင်ငံသား ၅၃ ဦး၊မလေး ရှားနိုင်ငံသား ၅၀ ကျော်၊ ဗြိတိန်နိုင်ငံသား ၃၃ ဦး၊ ကနေဒါနိုင်ငံသား ၂၄ ဦး၊ အမေရိကန် နိုင်ငံသား ၅၄ ဦး၊ သြစတြေးလျနိုင်ငံသား ၃၄ ဦးတို့အပြင် တောင်ကိုရီးယား၊ တောင်အာဖရိက၊ ပေါ်တူဂီ၊ နယ်သာလန်နှင့်နယူး ဇီလန်နိုင်ငံသားများလည်း ပါဝင်နေကြောင်း သက်ဆိုင်ရာအာဏာပိုင်များနှင့် ခရီးသွား အေဂျင်စီများက ပြောကြားခဲ့သည်။
Ref: AFP/BBC