Eleven Media Group

ယီမင်တွင် အစိုးရတပ်များနှင့်ဟူရ်သီသူပုန်တို့ဖြစ်ပွားသော တိုက်ပွဲများတွင် တိုက်ခိုက်ရေးသမား ၈၀ ကျော်သေဆုံး

စက်တင်ဘာ ၃ ရက်ကတည်းက ယီမင် ၏ဟူရ်သီသူပုန်များနှင့် အစိုးရတပ်ဖွဲ့များ ဖြစ်ပွားသောတိုက်ပွဲများတွင် တိုက်ခိုက်ရေး သမား ၈၁ ဦးသေဆုံးခဲ့သည်ဟု စစ်ဘက်တာ ဝန်ရှိသူနှစ်ဦးထံမှရရှိသော ကိန်းဂဏန်းများ အရလည်းကောင်း၊ သူပုန်ထိန်းချုပ်ထားသော နယ်မြေမှ ဆေးဘက်ဆိုင်ရာ သတင်းအရင်း အမြစ်များထံမှရရှိသောကိန်း ဂဏန်းများအရ လည်းကောင်း သိရသည်။

ပင်လယ်နီကမ်းရိုးတန်းပေါ်က စစ်ရေး တာဝန်ရှိသူကပြောကြားရာတွင် ၎င်းင်း၏လူ ၂၄ ဦးသည် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့ ပြီး ကုန်းတွင်းပိုင်းဒေသ Taiz မှ နောက်ထပ် စစ်ရေးတာဝန်ရှိသူကလည်း နောက်ထပ် ၁၅ ဦး သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

အနည်းဆုံး ဟူရ်သီသူပုန် ၂၄ ဦး သေ ဆုံးခဲ့သည်ဟု ဟူရ်သီထိန်းချုပ်ထားသော ဒေသများရှိ ဆေးဘက်ဆိုင်ရာ သတင်းအ ရင်းအမြစ်များ၏ပြောကြားချက်အရ သိရ သည်။

ဟူရ်သီတပ်ဖွဲ့များက ပင်လယ်နီနှင့် ကမ်းရိုးတန်းဒေသများနှင့် Taiz ဒေသတစ် ၀ိုက်တို့တွင် ရော့ကတ်များ၊ ဒရုန်းများ၏အကူ အညီဖြင့် မြေပြင်ထိုးစစ်ဆင်ခဲ့ပြီးနောက် စက် တင်ဘာ ၃ ရက်တွင် ယီမင်$ ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားခဲ့သည်။

သူပုန်များက အရေးပါသည့် မိုခါဆိပ် ကမ်းမြို့ကို လမ်းကြောင်းဖြတ်တောက်ရန် ကြိုးစားနေကြသည်ဟု စစ်အစိုးရ သတင်း အရင်းအမြစ်များက AFP ကို ပြောကြား ခဲ့သည်။ သူပုန်တို့သည် အခြားအစိုးရနယ် မြေများမှ သီတင်းပတ်ချီ တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။ သူတို့သည် မဟာဗျူ ဟာကျသော ဘက်အယ်လ်-မန်ဒက်ရေလက် ကြားနှင့်ထိစပ်နေသော နယ်မြေများသို့ ချီတက်လာနေသည်ဟု ဆိုသည်။

ယီမင်သည် ပြည်တွင်းစစ်ဖြစ်နေသည် မှာ ဆယ်နှစ်ကျော်ရှိပြီဖြစ်သည်။ ဟူရ်သီတို့ ကြောင့် ယီမင်သည် ၂၀၂၆ ခုနှစ် ဇူလိုင်တွင် အရှေ့အလယ်ပိုင်းစစ်ပွဲတွင် ပါဝင်လာခဲ့ သည်။

Ref; AFP

Photos - AFP

မူရင်းသတင်း — Eleven Media Group