
လွန်ခဲ့သောသီတင်းပတ်များတွင် အပူချိန်များကြောင့် တူနီးရှားထောင်များတွင် ထောင်သား၂၀ သေဆုံးသွားခဲ့ သည်ဟု လူ့အခွင့်အရေးများ အတွက်တူနီးရှားအဖွဲ့ချုပ်(LTDH)၏ခေါင်း ဆောင်က စက်တင်ဘာ ၃ ရက်တွင် အသံ လွှင့်ဌာနတစ်ခုကို ပြောကြားခဲ့သည်။
တူနီးရှားပြည်သူများသည် လျှပ်စစ် ဓာတ်အား ပြတ်တောက်ခြင်းနှင့် ရေပြတ်တောက်ခြင်းတို့ကို ကြုံတွေ့နေချိန် လွန်ခဲ့ သောသီတင်းပတ်များတွင် မြင့်မားသောအပူချိန်များကို ကြုံတွေ့ခဲ့ရသည်။
ဆက်တိုက်သေဆုံးမှုများသည် သြဂုတ် လကုန်အထိ ဖြစ်ပွားခဲ့သည်ဟု LTDH အန် ဂျီအို၏ဥက္ကဋ္ဌ ဘက်ဆမ်ထရီဖီ က Express FM ကို ပြောကြားခဲ့သည်။
ထိုသေဆုံးမှုများသည်ထောင်များထဲတွင် ဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးသည်ဟူသော သတင်းများကို ဆရာဝန်များ၊ ရှေ့နေများ၊ သေဆုံးသူတို့၏ဆွေမျိုးများထံမှရရှိခြင်းဖြစ် သည်ဟု ဆိုသည်။
“ထောင်ထဲကအခြေအနေတွေဟာ ပုံမှန်အခြေအနေမှာတောင် တော်တော်ဆိုးရွားတာဆိုတော့ အပူချိန် ၄၅ ဒီဂရီလောက်ရှိ တဲ့အချိန်မှာဆိုရင် ပြောမနေပါနဲ့တော့”ဟု သူက ပြောကြားခဲ့သည်။
အချုပ်ခန်းများထဲတွင် လေဝင်လေ ထွက်မကောင်းခြင်း၊ အသက်ရှူကျပ်ခြင်းတို့ဖြစ်နေသည်ဟု သူက ကိုးကားပြောဆိုခဲ့သည်။ ထောင်များထဲတွင်လူများပြားလွန်း နေခြင်းကလည်းပြဿနာဖြစ်သည်ဟု ဆိုသည်။
Ref; AFP
Photos -AFP