Eleven Media Group

နယ်သာလန်လိဂ်မှာ တစ်ပွဲတည်း နှစ်ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးဂိုးသမားအဖြစ် ရော်နယ်လ်ကိုးမန်းဂျူနီယာ မှတ်တမ်းဝင်

Photo: X

တယ်လ်စတားအသင်းရဲ့ ဂိုးသမား ရော်နယ်လ်ကိုးမန်းဂျူနီယာဟာ နယ်သာလန်လိဂ်မှာ တစ်ပွဲတည်းနှစ်ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ရော်နယ်လ်ကိုးမန်းဂျူနီယာဟာ ကမ်ဘူးလ်အသင်းနဲ့ (၂-၂)ဂိုး သရေကျခဲ့တဲ့ပွဲမှာ အသင်းအတွက် နှစ်ဂိုးစလုံးကို ပယ်နယ်တီကနေ သွင်းယူပေးခဲ့တာပါ။
ရော်နယ်လ်ကိုးမန်းဂျူနီယာက တယ်လ်စတားအသင်းရဲ့ ပယ်နယ်တီဦးစားပေးကန်ခွင့်ရှိသူတွေထဲမှာ ပါဝင်နေတာကြောင့် အခုလို စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရော်နယ်လ်ကိုးမန်းဂျူနီယာက နယ်သာလန်လက်ရွေးစင်ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်တဲ့ ရော်နယ်လ်ကိုးမန်းရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး အသက်(၃၁)နှစ် ရှိနေပါပြီ။
သူက ပရော်ဖက်ရှင်နယ်အဆင့် ဂိုးသမားတစ်ဦး ဖြစ်လာခဲ့ပေမဲ့ နယ်သာလန်လက်ရွေးစင်အဖြစ်တော့ ရွေးချယ်ခံရဖူးခြင်း မရှိပါဘူး။
နယ်သာလန်ရဲ့ အဆင့်အမြင့်ဆုံးအတန်းဖြစ်တဲ့ Eredivisie ကိုလည်း ပြီးခဲ့တဲ့ရာသီမှာမှ တယ်လ်စတားအသင်းနဲ့အတူ စတင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။

မူရင်းသတင်း — Eleven Media Group