
အူဒီးနီးစ် - လာဇီယို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)
နှစ်သင်းစလုံး ရာသီအဖွင့်မှာ ရှုံးပွဲမရှိကြသေးပါဘူး။ လာဇီယိုကတော့ နည်းပြသစ် ဂတ်တူဆိုရဲ့ ဦးဆောင်မှုအောက်မှာ နှစ်ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရထားပါတယ်။ နှစ်ပွဲစလုံး ပေးဂိုးလည်း မရှိခဲ့ပါဘူး။ အူဒီးနီးစ်ကလည်း ရာသီကြိုခြေစမ်းပွဲမှာ ဘာစီလိုနာကို အနိုင်ယူခဲ့ပြီး လတ်တလောရလဒ်တွေကလည်း ကောင်းမွန်နေတာကြောင့် လျှော့တွက်လို့မရပါဘူး။ နောက်ဆုံးဆုံတွေ့ခဲ့တဲ့ သုံးပွဲဆက် သရေကျခဲ့သလိုပဲ ဒီပွဲမှာလည်း အမှတ်ခွဲယူကြရလိမ့်မယ်လို့ ထင်ပါတယ်။
အခြားပွဲများ
ကာဂလီယာရီ - လက်ချီ
* ဂီတာဖေး - ဆယ်လ်တာဗီဂို
အယ်လ်ချီ - ဆိုစီဒက် *