အာဆင်နယ်အသင်းခေါင်းဆောင် ကွင်းလယ်တိုက်စစ်ကစားသမား အော်ဒီဂွါဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်(၃)မှာ အာဆင်နယ်က လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အော်ဒီဂွါက အနိုင်ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့တဲ့အတွက် အခုလိုရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒီဆုကို ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်တာဖြစ်ပြီး အော်ဒီဂွါက ဆန္ဒမဲ(၃၁)ရာခိုင်နှုန်း၊ လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ်က ဆန္ဒမဲ (၃၀)ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၁)ရဲ့ အကောင်းဆုံးကစားသမားဆုကို ချယ်လ်ဆီးတိုက်စစ်ကစားသမား ပါလ်မာ၊ ပွဲစဉ်(၂)ရဲ့ အကောင်းဆုံးကစားသမားဆုကို မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်တို့ ရရှိခဲ့ပါတယ်။
ပါလ်မာက ဆန္ဒမဲ(၄၀)ရာခိုင်နှုန်းနဲ့ ရရှိခဲ့တာဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်က ဆန္ဒမဲ(၆၉)ရာခိုင်နှုန်းနဲ့ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်(၃)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် အော်ဒီဂွါ ရွေးချယ်ခံရ
မူရင်းသတင်း — Eleven Media Group