Eleven Media Group

ချန်ပီယံလိဂ်ပွဲ(၁၀၀)ပြည့်မြောက်တဲ့ (၈)ဦးမြောက်ဂိုးသမားအဖြစ် ကော်တိုအာ မှတ်တမ်းဝင်

Photo: X

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဂိုးသမား ကော်တိုအာဟာ ချန်ပီယံလိဂ်ပွဲ(၁၀၀)ပြည့်မြောက်တဲ့ (၈)ဦးမြောက်ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ကော်တိုအာက ရီးယဲလ်မက်ဒရစ် ၂-၁ အင်တာမီလန်ပွဲမှာ အဲဒီမှတ်တမ်းကို ပိုင်ဆို်င်ခဲ့တာပါ။
ကော်တိုအာက ချန်ပီယံလိဂ်ပြိုင်ပွဲကို ချယ်လ်ဆီးမှာ (၁၆)ပွဲ၊ အက်သလက်တီကိုမှာ (၁၂)ပွဲ၊ ရီးယဲလ်မက်ဒရစ်မှာ (၇၂)ပွဲ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပါတယ်။
ကော်တိုအာ(၃၄ နှစ်)က ဘယ်လ်ဂျီယံကစားသမားတွေထဲမှာ ချန်ပီယံလိဂ်ပွဲ(၁၀၀) ပထမဆုံးပြည့်မြောက်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
ကစားသမားအားလုံးထဲမှာဆိုရင်တော့ ချန်ပီယံလိဂ်ပွဲ(၁၀၀)ပြည့်မြောက်တဲ့ (၅၆)ဦးမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
ကော်တိုအာမတိုင်ခင် ချန်ပီယံလိဂ်ပွဲ(၁၀၀) ပြည့်မြောက်ခဲ့တဲ့ ဂိုးသမားတွေက ကာဆီးလက်စ်၊ နော်ယာ၊ ဘူဖွန်၊ ပီတာချက်၊ အိုဘလက်ခ်၊ ဗဲလ်ဒက်စ်နဲ့ အိုလီဗာခန်းတို့ဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group