
လီဗာပူးလ်အသင်းဟာ Turkish Airlines နဲ့ တစ်နှစ်ပေါင်သန်း(၆၀)တန် အကျင်္ီရင်ဘတ်စပွန်ဆာစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းက လက်ရှိအချိန်မှာ ရင်ဘတ်စပွန်ဆာအဖြစ် ဗြိတိန်ဘဏ်လုပ်ငန်းဖြစ်တဲ့ Standard Chartered နဲ့ လက်တွဲနေပြီး ရာသီကုန်မှာ Turkish Airlines နဲ့ ပြောင်းလဲလက်တွဲသွားမှာပါ။
လီဗာပူးလ်အသင်းဟာ Standard Chartered နဲ့ ၂၀၁၀ ခုနှစ်ကတည်းက လက်တွဲခဲ့တာဖြစ်ပြီး စပွန်ဆာကြေး တစ်နှစ်ပေါင်သန်း(၅၀) ရရှိနေတာပါ။
Turkish Airlines နဲ့ လက်တွဲမှုက တစ်နှစ်ပေါင်သန်း(၆၀) ရရှိမှာဖြစ်တာကြောင့် ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအကြီးဆုံး ရင်ဘတ်စပွန်ဆာအဖြစ် မှတ်တမ်းဝင်မှာဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ Turkish Airlines နဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး ၂၀၂၇ ဇွန်လမှာ Turkish Airlines အမှတ်တံဆိပ်ကို ရင်ဘတ်မှာ စတင်တပ်ဆင်အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းဟာ အကျင်္ီရင်ဘတ်စပွန်ဆာအတွက် ကုမ္ပဏီ(၅)ခုနဲ့သာ လက်တွဲခဲ့ဖူးတာကြောင့် Turkish Airlines က (၆)ခုမြောက် ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။