Eleven Media Group

နိုဝင်ဘာ သက်တမ်းဝက်ရွေးကောက်ပွဲ၌ ရီပတ်ဘလီကင်က လွှတ်တော်နှစ်ရပ်စလုံးကို အနိုင်ရမည်ဆိုလျှင် အရွယ်ရောက် အမေရိကန်နိုင်ငံသားတိုင်းကို ဒေါ်လာ ၅၀၀၀ ပေးမည်ဟု သမ္မတဒေါ်နယ်ထရန့် ကတိပေး

ရီပတ်ဘလီကင်တို့က နိုဝင်ဘာရွေး ကောက်ပွဲတွင် ကွန်ဂရက်ကို ဆက်လက်ထိန်း ချုပ်ထားမည်ဆိုပါက အရွယ်ရောက်သူ အမေ ရိကန်နိုင်ငံသားတိုင်းကို အမေရိကန်ဒေါ်လာ ၅၀၀၀ ပေးမည်ဟု စက်တင်ဘာ ၉ ရက်တွင် သမ္မတဒေါ်နယ်ထရန့်က ကတိပြုခဲ့ပြီး ထောက်ခံသူများအနေဖြင့် မဲစာရင်းတွင် မိမိပါသည့် ပုံစံမျိုးဟန်ဆောင်ကြရန်ပြော ကြားခဲ့သည်။

“ရီပတ်ဘလီကင်တွေ အနိုင်ရရင် ခင် ဗျားတို့က ကျွန်တော်တို့နဲ့အတူ အနိုင်ရမှာ ပါ။ ခင်ဗျားဟာ ဒေါ်လာ ၅၀၀၀ ရမှာပါ။ အဲဒီငွေဟာ ထရန့် အမြတ်ဝေစုဖြစ်ပါတယ်”ဟု ဒါးလက်စ်မြို့တွင်ပြုလုပ်သည့် ရီပတ်ဘ လီကင် သက်တမ်းဝက် ညီလာခံတွင် ထရန့် က ပြောကြားခဲ့သည်။

လူထုသဘောထားစစ် တမ်းများတွင် ရီပတ်ဘလီကင်ပါတီသည် ဒီမိုကရက်ပါတီကို မယှဉ်နိုင်ဖြစ်နေသည့် အနေအထား၌ ထရန့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စိတ်ကူးထဲက ငွေပမာဏမှာ အမေရိ ကန်ဒေါ်လာ တစ်ထရီလျံကျော်ရှိမည့်အနေ အထားကြောင့် ထိုငွေများ မည်သည့်နေရာမှ ရမလဲဆိုသည်ကို သမ္မတက ပြောကြားခြင်း မရှိသော်လည်း မိမိတို့၏နိုင်ငံသည် ငွေအများ အပြားရရှိနေသည်ဟု ဆိုသည်။

နိုဝင်ဘာ ၃ ရက် သက်တမ်းဝက်ရွေး ကောက်ပွဲတွင် ရီပတ်ဘလီကင်က လူထုသ ဘောထားစစ်တမ်းအတိုင်း မဟုတ်ဘဲ အ ထက်လွှတ်တော်နှင့် အောက်လွှတ်တော် တို့ကို ဆက်လက်ထိန်းချုပ်ရန် မိမိကူညီနိုင် ကြောင်း ပြောကြားရာတွင် ထရန့်က “မဲစာ ရင်းမှာ ကျွန်တော့်ရဲ့အမည်ပါနေတယ်ဆိုတာ မျိုး ဟန်ဆောင်ကြဖို့ ခင်ဗျားတို့ကို တောင်း ဆိုပါတယ်”ဟု ဆိုခဲ့သည်။

“ကျွန်တော်ကမဲစာရင်းထဲပါနေပါ တယ်။ နောက်ထပ် တစ်ကြိမ်လောက်တော့ ကျွန်တော့်အမည် မဲစာရင်းမှာပါနေတယ်ဆို တာမျိုးပေါ့”ဟု ထရန့်က ထောက်ခံသူများကို ပြောကြားခဲ့သည်။

လူထုသဘောထားစစ်တမ်းများတွင် ထရန့်ကို လူကြိုက်များမှုသည် ၃၀ ရာခိုင်နှုန်း သာရှိနေသည်ကို တွေ့ရသည်။ မဲဆန္ဒရှင်များက ကုန်စျေးနှုန်းများ မြင့်တက်လာခြင်းနှင့် အီရန်ကို ၎င်းင်းဆင်နွှဲနေသောစစ်ပွဲကို ဒေါသထွက်နေကြသည်ဟု သိရသည်။

Ref; AFP

Photos-AFP

မူရင်းသတင်း — Eleven Media Group