
ယူကရိန်းနိုင်ငံတွင် Starlink နှင့် Starshield ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုများ၏ အင်တာနက်အမြန်နှုန်းသည် ယခင်ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်သွားပြီဖြစ်ကြောင်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက အောက်တိုဘာ ၂၄ ရက်တွင် X လူမှုကွန်ရက်မှ တစ်ဆင့် ပြောကြားလိုက်သည်။
“အခု အင်တာနက်အမြန်နှုန်းက လိုအပ်တဲ့အဆင့်ကို ပြန်ရောက်နေပါပြီ” ဟု ဇယ်လန် စကီးက ဆိုကာ အောက်တိုဘာ ၂၃ ရက်ညက အမြန်နှုန်း ပြန်လည်ကောင်းမွန်လာပြီး အောက််တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် လိုအပ်သည့်အဆင့်သို့ ပြန်ရောက်လာကြောင်း အသိပေးခဲ့သည်။ ထို့ကြောင့် ယူကရိန်းရှေ့တန်း စစ်မျက်နှာရှိ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများနှင့် ရုရှား၏ Shahed အမျိုးအစား ဂျက်အင်ဂျင်တပ် တိုက်ခိုက်ရေးဒရုန်းများ ကို တားဆီးကာကွယ်ရာတွင် ပိုအဆင်ပြေလာတော့မည်ဖြစ်သည်။
အီလွန်မတ်စ်၏ SpaceX ကုမ္ပဏီပိုင် Starlink ဂြိုဟ်တုအင်တာနက ်ဝန်ဆောင်မှု၏ စစ်ဘက်သုံးအဆင့်မြင့်စနစ်ဖြစ်သည့် Starshield ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမြန်နှုန်း လျှော့ချခဲ့ခြင်းကြောင့် ယူကရိန်းစစ်တပ်နှင့် အစိုးရတာဝန်ရှိသူများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။ အမြန်နှုန်းကန့်သတ်ခံရမှုကြောင့် ယူကရိန်းဘက်တွင် ဒရုန်းများ ဆုံးရှုံံးခဲ့ရပြီး စစ်ဆင်ရေးအချို့ လည်း မထိရောက်ခဲ့ကြောင်း စစ်မြေပြင်တပ်မှူး များက သတင်းပို့ခဲ့သည်။
Starshield သည် ယူကရိန်း၏ ဒရုန်းစစ်ဆင်ရေးများနှင့် ဆက်သွယ်ရေးလုပ်ငန်းများ အတွက် အဓိက အခြေခံစနစ်တစ်ခုဖြစ်သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီး၏ အဆိုအရ ပြည်တွင်း၌ ကိုယ်ပိုင်ဂြိုဟ်တု ဆက်သွယ်ရေးစနစ်တစ်ခု တည်ဆောက်ရန် ပြင်ဆင်နေပြီး ဖင်လန်နည်းပညာ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ ထားသည်ဟု သိရသည်။
Ref: AP