Eleven Media Group

ပြင်သစ်နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၄၀၀၀၀၀ ကျော်ပါဝင်သည့် ဆန္ဒပြမှုများဖြစ်ပွားပြီး လူ ၁၀၀၀ နီးပါး ဖမ်းဆီးခံရ

ပြင်သစ်နိုင်ငံတစ်ဝန်းတွင် အော်ကတိုဘာ ၂၄ ရက်က လူပေါင်း ၄၀၀၀၀၀ ကျော်ပါဝင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ပါရီမြို့တော်တွင် အဓိကရုဏ်းများဖြစ်ပွားခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

ပြင်သစ်နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာရေးကဏ္ဍတွင် ဘတ်ဂျက်ထောက်ပံ့မှု တိုးမြှင့်ပေးရန်နှင့် လူနေမှုစရိတ်များ မြင့်တက်လာမှုတို့ကြောင့် ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က လူပေါင်း ၁၀၀၀ နီးပါးကို ဖမ်းဆီးခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။

ပါရီမြို့တော်တွင် ပြီးခဲ့သည့် သီတင်းပတ်က ဆူပူအုံကြွမှုများ၊ ပစ္စည်းများကို ဖောက်ထွင်းလုယက်မှုများဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၂၄ ရက်က ဆန္ဒပြမှုများသည် ငြိမ်းချမ်းစွာဖြင့် စတင်ခဲ့သည်။

သို့သော် ပြင်သစ်နိုင်ငံအရှေ့ပိုင်းရှိ ဆန္ဒပြမှု၏ အဆုံးသတ်နေရာအနီးသို့ ရောက်ရှိလာချိန်တွင် မျက်နှာဖုံးဝတ်ထားသည့် ဆန္ဒပြသူများက ရဲတပ်ဖွဲ့ကို မီးရှူးမီးပန်းများနှင့် ပစ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံးများ၊ အသံဗုံးများနှင့် ရေအမြောက်များကို အသုံးပြုပြီး လူစုခွဲခဲ့သည်ဈ

နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများတွင် လူပေါင်း ၄၁၀၀၀၀ ခန့်ပါဝင်ပြီး ပြီးခဲ့သည့် သီတင်းပတ်ကုန်က လူပေါင်း ၅၅၀၀၀၀ ပါဝင်ခဲ့သည့် ဆန္ဒပြမှုထက် လူအရေအတွက် လျော့နည်းခဲ့သည်ဟု ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Ref: AP

မူရင်းသတင်း — Eleven Media Group