Eleven Media Group

ရှစ်လကြာပိတ်ထားသော ဆိုရှယ်မီဒီယာကို ဂါဘွန်အစိုးရက ပြန်ဖွင့်ပေးခဲ့

ဂါဘွန်က ရှစ်လကြာပိတ်ပင်ခဲ့သည့် ဆိုရှယ်မီဒီယာများကို အောက်တိုဘာ ၂၄ ရက်တွင် အသုံးပြုခွင့် ပြန်ပေးခဲ့သည်ဟု သိရသည်။

ဂါဘွန်အစိုးရက ဆိုရှယ်မီဒီယာများကို ပိတ်ပင်ခဲ့သည့် လုပ်ရပ်သည် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခြင်းခံခဲ့ရသည်။

High Communication Authority (HAC) က ဆိုရှယ်မီဒီယာကွန်ရက်များကို အသုံးပြုခွင့်ပြန်ပေးခဲ့သောကြောင့် ဖေဖော်ဝါရီ ၁၈ ရက်တွင် ပိတ်ပင်ခဲ့သော Facebook နှင့် TikTok တို့ကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သည်။

Facebook နှင့် TikTok တို့တွင် ပို့စ်တင်သောအကြောင်းအရာများက လူ့အဖွဲ့ အစည်းတွင် ပဋိပက္ခများနှင့် သွေးကွဲမှုများကို မီးထိုးပေးနေသည်ဆိုကာ ဂါဘွန်အစိုးကဆိုရှယ်မီဒီယာကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ဂါဘွန်သမ္မတ ဘရိုက်အိုလီဂူးအန်ဂူမားသည် ရွေးကောက်ခံခဲ့ရပြီးနောက် တစ်နှစ်မပြည့်မီ လူမှုရေးမတည်ငြိမ်မှုများကို ဆက်တိုက်ရင်ဆိုင်ခဲ့ရသောကြောင့် ဂါဘွန်အစိုးရက ဆိုရှယ်မီဒီယာများကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

"HAC က ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို ပိတ်ပင်ထားခြင်းအား ဖွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ"ဟု ပြောရေးဆိုခွင့်ရှိသူ ဂျင်းကလော့ဖရန့်မန်ဒိုမီက ထုတ်ပြန်ချက်အားရုပ်သံတွင် ဖတ်ကြားခဲ့သည်။

ဂါဘွန်တွင် Facebook နှင့် TikTok တို့သည် အသုံးအများဆုံးဖြစ်သည်။ သို့သော် YouTube နှင့်အင်စတာဂရမ်တို့ကိုလည်း ပိတ်ထားခဲ့ပြီး WhatsApp ကိုမူ ဖွင့်ပေးလိုက်၊ ပိတ်လိုက်ဖြင့်ထိန်းချုပ်ထားခဲ့သည်။

အချို့က ဆိုရှယ်မီဒီယာများကို VPN ဖြင့် အသုံးပြုကြသောကြောင့် Proton VPN သည် ဒေါင်းလုပ်ဆွဲမှု ၆၀၀၀၀ ရာခိုင်နှုန်းမြင့်တက်သွားခဲ့သည်ဟု ဆိုသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group