
အီရန်စစ်တပ်က အီရတ်နိုင်ငံ၏ကာ့ဒ်ဒေသရှိ အီရန်-ကာ့ဒ်အတိုက်အခံအုပ်စုပိုင်သော စစ်အခြေစိုက်စခန်းများကို ဒရုန်းများအသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု တီဟီရန် သတင်းဌာနတစ်ခုက အောက်တိုဘာ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။
"တော်လှန်ရေးအစောင့်တပ်ကလုပ်ဆောင်တဲ့ ဒရုန်းစစ်ဆင်ရေးရဲ့အစိတ်အပိုင်းအဖြစ် ဘာလီဆန်ဒေသမှာတည်ရှိတဲ့ အကြမ်းဖက် ခွဲထွက်ရေးအုပ်စုရဲ့ရုံးချုပ်တွေကို မနေ့ညက ပစ်မှတ်ထားခဲ့ပါတယ်"ဟု Mehr သတင်းဌာနက ဖော်ပြခဲ့သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်ဝက်ရရှိသော ဒေသသည် အီရန်-ကာ့ဒ်စစ်သွေးကြွအုပ်စုအချို့နှင့်သက်ဆိုင် သော စခန်းများနှင့် အခြေစိုက်စခန်းများကို လက်ခံထားရှိသည်။
ထိုစခန်းများနှင့် အခြေစိုက်စခန်းများ ကို ဖေဖော်ဝါရီတွင် အရှေ့အလယ်ပိုင်းစစ်ပွဲစတင်ကတည်းက အီရန်က အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့သည်။
တော်လှန်ရေးအစောင့်တပ်က အဆိုပါ တိုက်ခိုက်ရေးသမားများကို တိုက်ခိုက်ရာတွင် တာဝန်ရှိသည်ဆိုခြင်းအား ချက်ချင်း ပြောကြားခြင်းမပြုပေ။ အဆိုပါအုပ်စုများကို အီရန်၏ရန်သူ အစ္စရေးက ထောက်ပံ့ပေးနေသည်ဟု အီရန်က စွပ်စွဲထားသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သည့် အပြင်းထန်ဆုံးတိုက်ခိုက်မှုတစ်ခုမှာ ဇူလိုင် ၁၇ ရက်က ဆူလေမန်နီယာမြို့အနီးကိုတိုက်ခိုက်မှုဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် ကိုမာလာအဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့သည်။
Ref:AFP