
ဟူရ်သီသူပုန်တို့က ဆော်ဒီအာရေဗျကို တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၀ ရက် တွင် ဆော်ဒီတပ်ဖွဲ့များကလုပ်ဆောင်သော လေကြောင်းတိုက်ခိုက်မှု ၄၀ ခန့်ရှိခဲ့သည်ဟု ဟူရ်သီက ထုတ်ပြန်ခဲ့သည်။
“ရန်သူဆော်ဒီက လွန်ခဲ့တဲ့ နာရီပိုင်း လောက်ကပဲ တိုက်ခိုက်မှု ၄၀ လောက် လုပ်ခဲ့ပါတယ်။ Taiz ၊ ဟိုဒေဒါ၊ အယ်ဂျော့ဖ်၊ မာရစ်တို့ကို တိုက်ခိုက်ခဲ့တာပါ”ဟု ဟူရ်သီသတင်း ဌာန ဆာဘားက ကြေညာခဲ့သည်။
အနောက်မြောက် ယီမင်၏ကျယ်ပြန့် သောဒေသကို ထိန်းချုပ်ထားသော ဟူရ်သီ တို့က လွန်ခဲ့သော သီတင်းပတ်တွင် ယီမင် အစိုးရတပ်ဖွဲ့များကို အကြီးစား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ယီမင်အစိုးရတပ်များကို ဆော်ဒီအာရေဗျက အကူအညီပေးနေသည်။
သူတို့က ဆော်ဒီနယ်မြေတွင် တိုက်ခိုက် မှုများ လုပ်ဆောင်ခဲ့သောကြောင့် လူဒါဇင်ချီ ဒဏ်ရာရခဲ့သည်။
ဟူရ်သီသူပုန်တို့က ဆော်ဒီအာရေဗျ တောင်ပိုင်းရှိ မြို့များကို ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများ ပစ်လွှတ်၍တိုက်ခိုက်ခဲ့သည်ဟု ဟူရ်သီကို တိုက်ခိုက်နေသော ဆော်ဒီဦး ဆောင်သည့် ညွန့်ပေါင်းက စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ဆော်ဒီမြို့ုပြကာကွယ်ရေးအဖွဲ့က ခါမစ် မတ်စဟိုက်နှင့် အက်ဘာ နယ်မြေနှစ်ခုတွင် အန္တရာယ်ရှိလာ နိုင်သည်ဟူသောသတိပေး ချက်များကို ထုတ်ပြန်ထားသည်။
ဟူရ်သီတို့က အရေးပါသည့် ရေလမ်း ကြောင်းဖြစ်သော ဘတ်အယ်မန်ဒတ်ရေ လက်ကြားနှင့်ထိစပ်နေသော ပင်လယ်နီ၏ ကမ်းရိုးတန်းဒေသများကို ချီတက်ရန် ကြိုးပမ်းနေသည်။
Ref;AFP