Eleven Media Group

ကုလသမဂ္ဂကအတည်ပြုခဲ့သော ကမ္ဘာ့မြေပုံသစ်တွင် အငြင်းပွားကျွန်းများကို ရုရှားပိုင်အဖြစ် ဖော်ပြထားခြင်းအား ပြင်ဆင်ပေးရန် ဂျပန် မေတ္တာရပ်ခံ

ကုလသမဂ္ဂကအတည်ပြုခဲ့သောကမ္ဘာ့မြေပုံသစ်တွင် အငြင်းပွားနေသော ကူရီးလ်ကျွန်းစုများကို ရုရှားပိုင်ကျွန်းများအဖြစ် ဖော်ပြထားသောကြောင့်အဆိုပါမြေပုံသစ်ကိုပြန်လည်ပြင်ဆင်ပေးရန် ဂျပန်က စက်တင်ဘာ၁ဝရက်တွင် မေတ္တာရပ်ခံခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံကကမ္ဘာ့မြေပုံသစ်ကိုအသုံးပြုရန်စက်တင်ဘာ၄ရက်တွင်မဲခွဲအတည်ပြုခဲ့သည်။ မြေပုံအသစ်တွင်အာဖရိကတိုက်က ပိုမိုကြီးမားသွားမည်ဖြစ်ပြီး မြောက်အမေရိကနှင့် ဥရောပတို့က သေသွားမည် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုကကမ္ဘာ့မြေပုံအသစ်ကို ကန့်ကွက်ခဲ့သည့်တစ်ခုတည်သော နိုင်ငံဖြစ်သည်။

ဂျပန်နိုင်ငံသည်ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်ကိုထောက်ခံခဲ့သည့် ကုလသမဂ္ဂအဖွဲ့ဝင် ၁၆၄ နိုင်ငံတွင် ပါဝင်သောနိုင်ငံဖြစ်သော်လည်း ယခုအခါ ဂျပန်သည်အဆိုပါမြေပုံအသစ် နှင့်ပတ်သက်၍ ပြဿနာရှိလာသည်။

ဂျပန်တွင်မြောက်ပိုင်းနယ်မြေများဟုခေါ်သော ကူရီးလ်ကျွန်းစုများကိုကမ္ဘာ့မြေပုံအသစ်၌ ရုရှားနိုင်ငံ၏ အရောင်နှင့် တစ်ရောင်တည်းဖော်ပြထားသည်။

Equal Earth မြေပုံပရော်ဂျက်ဟုခေါ်သည့် မြေပုံအသစ်တွင်ဂျပန်အစိုးရ၏သဘောထား ရပ်တည်ချက် နှင့်ဆန့်ကျင်နေသောသရုပ်ဖော်ပုံ ပါဝင်နေသည်ဟု ဂျပန်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မီနိုရူခီဟရကပြောကြားခဲ့သည်။

"ကျွန်တော်တို့ကဒီသရုပ်ဖော်ပုံကို အမှန်ပြင်ပေးဖို့ သံတမန်လမ်း‌ကြောင်းကတစ်ဆင့် မြေပုံ site အော်ပရေတာထံကန့်ကွက်စာတင်ခဲ့ပါတယ်"ဟု ခီဟရက သတင်းထောက်များကိုပြောကြားခဲ့သည်။

အဆိုပါပြဿနာကိုဂျပန်အစိုးရကမည်သည့် အချိန်တွင်သတိပြုမိခဲ့သလဲဆိုသည်ကို သူကပြောကြားခြင်း မရှိသော်လည်း ဂျပန်သည် မိမိပိုင်နယ်မြေများနှင့်မိမိ၏ ပထဝီဝင်ဆိုင်ရာအမည်မှားများ ပြန့်နှံ့ခြင်းကို တားဆီးရန်လိုအပ်သည်ဟုပြောကြားခဲ့သည်။

အငြင်းပွားနေသော ကူရီးလ်ကျွန်းစုများကို ၁၉၄၅ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုကသိမ်းပိုက်ခဲ့သည်။ ထို့နောက်ထိုကျွန်းများပေါ်ရှိဂျပန်ပြည်သူများကိုမောင်းထုတ်ခဲ့သည်။

မကြာသေးမီက ထိုကျွန်းစုထံရုရှားသမ္မတဗလာဒီမာပူတင် လာခဲ့သည်ကို ဂျပန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group