Eleven Media Group

အစိုးရဆန့်ကျင်သူများကိုစောင့်ကြည့်ရန် AI အသုံးပြုနေသော နိုင်ငံများထဲတွင် တရုတ်နှင့် အီရန်တို့ပါဝင်သည်ဟု အမေရိကန် AI ကုမ္ပဏီ Anthropic ပြောကြား

AI ‌မော်ဒယ်များကို အသုံးပြုပြီး နိုင်ငံတော်က လုပ်ဆောင်သောစောင့်ကြည့်သည့် စစ်ဆင်ရေး အမျိုးမျိုးကို မိမိတို့က တားဆီးခဲ့သည်ဟု စက်တင်ဘာ ၁၀ ရက်တွင် Anthropic က ပြောကြားခဲ့ပြီး အစိုးရများနှင့် နိုင်ငံတော်နှင့်သက်ဆိုင်သော လူပုဂ္ဂိုလ်အဖွဲ့အစည်းများက တိုင်းရင်းသားလူနည်းစုများနှင့် အစိုးရဆန့်ကျင်သူများကို ထောက်လှမ်းရန် AI ကို ပိုမို အသုံးပြုလာနေသည်ဟု သတိပေးပြောကြားခဲ့သည်။

Anthropic က ၎င်း၏AI ‌မော်ဒယ်များကို တလွဲအသုံးပြုနေသည့်အကြောင်း ဖော်ပြထားသော အစီရင်ခံစာတွင် ဇန်နဝါရီနှင့် ဇူလိုင်အကြားတွင် ယင်းဖြစ်ရပ်များကို တွေ့ရှိခဲ့သဖြင့် တားဆီးခဲ့ရကြောင်း၊ ၎င်းတို့သည် တရုတ်၊ အီရန်၊ အနောက်အာဖရိကတို့တွင် အစပြုခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းစောင့်ကြည့်မှုစစ်ဆင်ရေးများသည်အဆိုပါအစိုးရများကသမိုင်းအစဉ်အလာအားဖြင့်ပစ်မှတ်ထားနေခဲ့သော ပြည်ပတွင် အခြေချနေထိုင်သောနိုင်ငံသားများ၊ အစိုးရဆန့်ကျင်သည့်အသိုင်းအဝိုင်းများကို ပစ်မှတ်ထားသည်ဟု ဆိုသည်။

ထိုအထဲတွင်အာရှတစ်လွှားရှိဟောင်ကောင်၊ တိဘက်၊ ဖူလန်ဂွန်းလူ့အသိုင်း အဝိုင်းများတွထဲက ဒီမိုကရေစီ ဘက်တော်သား လူပုဂ္ဂိုလ်များ၊ အီရန်လူနည်းစုလူ့အသိုင်းအဝိုင်းများ၊ အီရန်အစိုးရကိုဆန့်ကျင်သည့် ပြည်ပရောက် အီရန်နိုင်ငံသားများပါဝင်သည်ဟု အစီရင်ခံစာ၌ဖော်ပြထားသည်။

ဖြစ်ရပ်တစ်ခုတွင် အီရန်အစိုးရဘက်တော်သားများက၎င်းတို့၏ဆိုရှယ်မီဒီယာ အကောင့်များမှတစ်ဆင့် လူပုဂ္ဂိုလ်များကိုဖော်ထုတ်သည့်နည်းလမ်းအားဖန်တီးခဲ့ပြီး အခြားသောဖြစ်ရပ်တစ်ခုတွင် မာလီ အမျိုးသား လုံခြုံရေးအာဏာပိုင်များအတွက်အလုပ်လုပ်ပေးနေသောကန်ထရိုက်တာတစ်ဦးက ထောက်လှမ်းရေး သတင်းများစုဆောင်းပေးနိုင်သောလျှို့ဝှက်ဆော့ဝဲကို ပုံစံထုတ်ရန် Claude AI ကို အသုံးပြုခဲ့သည်ဟု ဆိုသည်။

"AI ကို အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာလုပ်သားထုရဲ့နေရာမှာ အခု အစားထိုးအသုံးပြုနေကြပါတယ်"ဟု အစီရင်ခံစာ ၌ဖော်ပြထားသည်။

အသုံးပြုသူများက လက်နက်များပုံစံထုတ်ခြင်း၊ အငြင်းပွားနိုင်သောဇီဝဗေဒဆိုင်ရာသုတေသနများ လုပ်ခြင်း၊ လိမ်လည်ချိန်းတွေ့သည့်ပုံစံများ ဖန်တီးခြင်းတို့နှင်သက်‌ဆိုင်‌ သော‌မေးခွန်းများ မေးမြန်းခြင်းကို ဟန့်တားခဲ့သည်ဟု Anthropic က ဆိုသည်။

ဆန်ဖရန်စစ္စကို အခြေစိုက် AI lab ဖြစ်သော Anthropic က တရုတ် developer များသည် အသုံးပြုသူများ၏မေးခွန်းများကို ပြန်ဖြေရန် အပြင်ပန်းအားဖြင့် Claude AI ကို အသုံးနေသည်ဟု စွပ်စွဲခဲ့ပြီး တစ်ပြိုင်တည်းမှာပင်၎င်းတို့၏ကိုယ်ပိုင် AI မော်ဒယ်များ ပိုကောင်းလာစေရန် ထိုဒေတာများသုံး၍ AI ကိုလေ့ကျင့်ပေးသောနည်းလမ်း (distilling)ကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

Distilling ဆိုသည်မှာ အခြား AI မော်ဒယ်ကို လေ့ကျင့်ပေးရန် AI model တစ်ခုကို အသုံးပြုသည့်လုပ်ငန်းစဉ်အားရည်ညွှန်းသည့်နည်းပညာဝေါဟာရဖြစ်သည်။

တရုတ် developer များသည် Anthropic နှင့် OpenAI တို့လို အမေရိကန် labs များထံမှ အချက်အလက်အရင်းအမြစ်များကို ထိထိမိမိခိုးယူပြီး ခွင့်ပြုချက်မရှိဘဲ အသုံးပြုနေသည်ဟု ယခင်ကစွပ်စွဲခံထားရသည်။

ယခုအခါ တရုတ် AI များဖြစ်သော Moonshot နှင့် DeepSeek တို့သည် ၎င်းတို့၏ user များအတွက်ထုတ်ပေးသော အဖြေများကိုရရှိရန် Claude AI ကို လျှို့ဝှက်စွာ အသုံးပြုနေသည်ဟုလည်း Anthropic က စွပ်စွဲထားသည်။

"တစ်ခါမှာတော့ ၁၀ ရက်အတွင်း Moonshot ဟာ မေးခွန်း ၃၀၀,၀၀၀ နီးပါးကို အကောင့်တု ၅,၃၈၀ ပါတဲ့ကွန်ရက်ကတစ်ဆင့် Anthropic ဆီပြန်လွှဲပေးခဲ့ပါတယ်။ အဲဒီအကောင့်တုတွေဟာ စင်ကာပူနဲ့ ဂျပန်မှာရှိနေတဲ့ပုံစံ လုပ်ထားတာပါ"ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group