
ချယ်လ်ဆီးအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဂျော်အိုပတ်ဒရိုဟာ သြဂုတ်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်း သိရပါတယ်။
ဂျော်အိုပတ်ဒရိုဟာ သြဂုတ်လအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်နှစ်ပွဲမှာ နှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြခဲ့တာကြောင့် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂျော်အိုပတ်ဒရိုအနေနဲ့ ၂၀၁၉-၂၀ ရာသီကတည်းက ပရီးမီးယားလိဂ်ကို ရောက်ရှိခဲ့ပေမဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို အခုမှ ပထမဆုံးအကြိမ် ရရှိခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် ချယ်လ်ဆီးကစားသမားတွေထဲမှာလည်း ၂၀၂၄ စက်တင်ဘာလအတွက် ပါလ်မာရရှိခဲ့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂျော်အိုပတ်ဒရိုက ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု ရရှိတဲ့ သတ္တမမြောက် ဘရာဇီးလ်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး တခြား(၆)ဦးကတော့ ဂျူနင်ဟို၊ အီဒူး၊ ဒေးဗစ်လူးဝစ်ဇ်၊ လူးကပ်စ်မော်ရာ၊ ရိုဒရီဂိုမူနစ်ဇ်နဲ့ အီဂေါသီယာဂိုတို့ဖြစ်ကြောင်း သိရပါတယ်။