






ပုသိမ်၊ စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ကျုံပျော်မြို့၊ ပင်လုံရပ်ကွက်၊ ဘုရားကြီးလမ်းနှင့် သောင်တန်းလမ်း၌ ရေပြန်လည်ကျဆင်း၍ မိမိတို့၏ နေအိမ်များတွင် ပြန်လည်နေထိုင်သော ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် သောင်ရွာကျေးရွာအုပ်စု၊ နတ်ကန်တံတားသို့သွားရောက်၍ ဒါးကချောင်းမှတစ်ဆင့်ရေဆင်းလမ်းကြောင်း ရေစီးဆင်းမှုအခြေအနေများအား ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖိုးထောင့်ကျေးရွာ၌ ရေပြန်လည်ကျဆင်း၍ မိမိတို့၏နေအိမ်များတွင် ပြန်လည် နေထိုင်ကြသည့်ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
#News #Myanmar