


တိုက်ကြီး၊ စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကမ်းပန်းတာတစ်လျှောက်တွင် တာအိ၊ တာလျှောခြင်း၊ မြစ်ကမ်းပြိုကျခြင်း နှင့် မြစ်ကမ်းများ ကြံ့ခိုင်မှုရှိ/မရှိအခြေအနေတို့ကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အဖျောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွေး ဦးဆောင်၍ အဖျောက်နယ်မြေရဲစခန်းမှူး ရဲအုပ်မုန်တိုင်း၊ မြို့မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇင်ကိုနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ ဦးချစ်ဝေဖြိုး၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အဖျောက်(၁)ရပ်ကွက်၊ အဖျောက်(၄)ရပ်ကွက်၊ ကြွေပန်းကန်ချောင်းကျေးရွာအုပ်စု၊ ငါးလာချောင်းကျေးရွာအုပ်စုတို့ရှိ မြစ်ကမ်းပါးများပြိုကျခြင်းရှိ/မရှိအခြေအနေ၊ အဖျောက်မြို့ ဆည်မြောင်းမြစ်ကမ်းပန်းတာတစ်လျှောက်ရှိတာများ တာအိ၊ တာလျှောခြင်းရှိ/မရှိ အခြေအနေနှင့် တာများကြံ့ခိုင်မှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်
#News #Myanmar