



သထုံ၊ စက်တင်ဘာ ၁၂
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ(APTERR)အစီအစဉ် ၃(၂၀၂၅)ဖြင့် ဆန်(၁ ဒသမ ၉၈၈)တန် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက် နံနက်က ဒူးရင်းဆိပ်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ သထုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းအမှာစကားပြောကြားပြီး ရေဘေးသင့်ပြည်သူတစ်ဦးထံ ဆန်ရိက္ခာထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများက သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု ၆၄ စုမှ ပြည်သူ ၂၈၄ ဦးတို့ထံ ဆန်ရိက္ခာများဆက်လက်ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။
#News #Myanmar