



ကျိုက်ထို၊ စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် QR Code စနစ်ဖြင့်စက်သုံးဆီရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက သိမ်ဇရပ်မြို့အတွင်းရှိစက်သုံးဆီဆိုင်များ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီတို့မှ စက်သုံးဆီအရောင်းဆိုင်များအလိုက် QR Code စနစ်ဖြင့်စက်သုံးဆီ များရောင်းချနေခြင်းရှိ/မရှိ၊တရားဝင်လိုင်စင်ရှိသောယာဉ်များအား ဝှီးတက်ပြသည့်စနစ်ဖြင့် ဆီရောင်းချခြင်းရှိ/မရှိ၊စုံ/မရက်အလိုက်ဆီရောင်းချပေးခြင်းရှိ/မရှိ၊ ပုံး၊ပေပါများဖြင့်ရောင်းချပေးခြင်းရှိ/မရှိနှင့်စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နေ့စဉ်သတ်မှတ်အချိန်အတိုင်းဆီရောင်းချပေးခြင်းရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုး
#News #Myanmar