
၆၂ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် တနင်္သာရီမြို့တွင် ရဲတပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ယနေ့ (စက်တင်ဘာ ၁၉ ရက်) တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
၆၂ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာ ၁၉ ရက် နံနက် ၇ နာရီအချိန်က စုပေါင်းသန့်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖိလစ်ဝင်း၊ ဦးစီး၍ ဝန်ထမ်း ၃၀ ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းအောင် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၉ ဦး၊ မိသားစုဝင် ၁၄ ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စုစုပေါင်း ၁၂၅ ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
စုပေါင်းသန်ရှင်းရေးဆောင်ရွက်ရာတွင် မြို့ဦးဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ စေတီတော်ရင်ပြင်၌ သန့်ရှင်းရေးပြုလုပ်ခြင်း၊ စေတီတော်အနီးပတ်ဝန်းကျင့်ရှိ ချုံနွယ်များ၊ ပေါင်းမြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။