Eleven Media Group

မိုးသည်းထန်စွာ ရွာသွန်းခြင်း​ကြောင့် အုန်းဖန်-မဲ​ဆောက်လမ်းပိုး၌ ​​တောင်ပြိုမှုဖြစ်ပွား

မိုးသည်းထန်စွာ ရွာသွန်းခြင်း​ကြောင့် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် အုန်းဖန်-မဲ​ဆောက်လမ်းပိုင်း၌ ​​ စက်တင်ဘာ ၂၈ ရက်​က တောင်​မြေပြိုမှုဖြစ်ပွား​ကြောင်း သိရသည်။

အုမ်ဖန်း-မဲဆောက် လမ်းပိုင်း ကီလိုမီတာ ၈၁ နှင့် ၈၂ ကြားတွင် ​မြေပြိုကျပြီး လမ်းပိတ်ဆို့​နေကာ သစ်ပင်များ လဲကျမှုများရှိသည့်အတွက် အသုံးပြုမည့်သူများ သတိပြုကြပါရန်နှင့် ဖြစ်နိုင်ပါက ယခုကာလအတွင်း ခရီးသွားလာခြင်းကို ရှောင်ကြဉ်ဖို့ လိုအပ်​ကြောင်း သက်ဆိုင်ရာမှ တိုက်တွန်းထားသည်။

အဆိုပါ ကီလိုမီတာ ၈၁ မှ ၈၂ ကြားတွင် မြေပြိုမှုအချို့နှင့် လမ်းပိတ်နေသည့် အ​ခြေအ​နေအား ဒေသခံများ၊ ခရီးသွားလာသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း၍ ဖယ်ရှားနိုင်ခဲ့သော်လည်း အခြားနေရာများတွင်လည်း ​မြေပြိုမှုများ ရှိနေသည်ဟု ဆိုသည်။

ကီလိုမီတာ ၉၈၊ မဲကလောင်နွိုင်းရွာအနီးတွင် သစ်ပင်လဲကျ၍ လျှပ်စစ်ဓာတ်အားလိုင်းပေါ် ကျရောက်လျှက် ရှိပြီး အုမ်ပီယမ်ဘက်မှစ၍ လျှပ်စစ်ဌာနက လျှပ်စစ်ဖြတ်တောက်ခြင်းလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နေသည်ဟု ဆိုသည်။

မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေဆဲဖြစ်၍ ထိုလမ်းပိုင်းကို မဖြစ်မ​နေ အသုံးပြုရန် လိုအပ်သူများ အနေဖြင့် သတိပြု၍ သွားလာကြပါရန် သက်ဆိုင်ရာက တိုက်တွန်းထားကြောင်း သိရသည်။

photo.Thai News

မူရင်းသတင်း — Eleven Media Group