Eleven Media Group

လက်ရွေးစင်အသင်းတွေထဲမှာ ပွဲ(၄၀)ဆက်တိုက် ရှုံးပွဲမရှိတဲ့ ပထမဆုံးအသင်းအဖြစ် စပိန်အသင်း မှတ်တမ်းဝင်

Photo: X

စပိန်အသင်းဟာ လက်ရွေးစင်အသင်းတွေထဲမှာ ပွဲ(၄၀)ဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
စပိန်အသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရိုအေးရှားနဲ့ပွဲမှာ (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲစုံမှာ ရှုံးပွဲမရှိတာ ပွဲ(၄၀)ဆက်တိုက် ရှိသွားခဲ့တာပါ။
စပိန်အသင်းဟာ ၂၀၂၄ ခုနှစ် မတ်လက ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ကိုလံဘီယာအသင်းကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ရှုံးပွဲမရှိတော့တာဖြစ်ပြီး ပွဲ(၄၀)မှာ (၃၁)ပွဲအနိုင်ရပြီး (၉)ပွဲသရေကျခဲ့ကြောင်း သိရပါတယ်။
စပိန်အသင်းဟာ ဒီကာလအတွင်း ယူရို-၂၀၂၄ ချန်ပီယံဆုနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ရယူနိုင်ခဲ့ပြီး ၂၀၂၅ Nations League ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ရှိခဲ့ပါတယ်။
စပိန်အသင်း အခုလို စွမ်းဆောင်နိုင်အောင် နည်းပြ ဒယ်လာဖွန်တေက ဦးဆောင်ခဲ့တာဖြစ်ပြီး သူကိုင်တွယ်ခဲ့တဲ့ (၅၁)ပွဲမှာ (၃၉)ပွဲနိုင်၊ (၁၀)ပွဲသရေကျပြီး (၂)ပွဲသာ ရှုံးနိမ့်ထားကြောင်းလည်း သိရပါတယ်။
ဒယ်လာဖွန်တေက စပိန်အသင်းကို ၂၀၂၂ ဒီဇင်ဘာမှာ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပထမဆုံး(၁၁)ပွဲမှာသာ ရှုံးပွဲ(၂)ပွဲရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ပယ်နယ်တီအဆုံးအဖြတ်ခံယူရတဲ့ပွဲတွေကိုတော့ သရေပွဲအဖြစ်သာ သတ်မှတ်တွက်ချက်ထားခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group