
ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ (အောက်တိုဘာ ၃ ရက်) တွင် အမိန့်ထုတ်ပြန်သည်။
နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် (၆၈/၂၀၂၆) ဖြင့် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးအား ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်ခြင်းဖြစ်သည်။