Eleven Media Group

အိန္ဒိယတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီး

အိန္ဒိယနိုင်ငံတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဂျာနက်ရှ် ကူးမားသည် မဲစာရင်း မသမာမှုရှိခဲ့ကြောင်း ဆန္ဒပြသူများက စွပ်စွဲခဲ့ပြီး အောက်တိုဘာ ၂ ရက်နှင့် ၃ ရက်တွင် လူငယ်များဦးဆောင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲများကို Gen Z လူငယ်များ ဦးဆောင်သည့် ပိုးဟပ်ဂျန်တာပါတီ(CJP) အပါအဝင် အဓိက အတိုက်အခံပါတီများက ထောက်ခံအားပေးထားကြပြီး မဲဆန္ဒရှင်စာရင်း ပြင်ဆင်မှုများသည် ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ အာဏာရ BJP ပါတီအတွက် အသာစီးရစေရန် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း စွပ်စွဲထားကြသည်။

နယူးဒေလီမြို့လယ်ရှိ အစိုးရက သတ်မှတ်ပေးထားသည့် ဆန္ဒပြရာနေရာဖြစ်သော ဂျန်တာ မန်တာ အနီးတွင် ရဲတပ်ဖွဲ့ဝင်များကို အင်အားအများအပြား ချထားခဲ့ပြီး ရဲတပ်ဖွဲ့၏ အတားအဆီးများဖြင့် ပိတ်ဆို့ထားဆဲဖြစ်သည်။

ဒေသခံမီဒီယာများကမူ ရဲတပ်ဖွဲ့သည် ဆန္ဒပြသူ ၁၀၀ ကျော်ကို ထိန်းသိမ်းခဲ့ကြောင်း ဖော်ပြထားသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group