
Nations League ပြိုင်ပွဲမှာ ဂိုးသွင်းစံချိန်မှတ်တမ်းသစ် ပိုင်ဆိုင်ခဲ့တဲ့ ဆွီဒင်တိုက်စစ်မှူး ယော်ကယ်ရက်စ်ဟာ လိဒ်စ်နဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် ပွဲထွက်ခွင့်ရဖွယ်ရှိကြောင်း သိရပါတယ်။
ယော်ကယ်ရက်စ်ဟာ အခုနိုင်ငံတကာရက်သတ္တပတ်အတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ Nations League (၃)ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး Nations League ပြိုင်ပွဲမှာ (၆)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
ယော်ကယ်ရက်စ်ဟာ ၂၀၂၄-၂၅ ရာသီ Nations League ပြိုင်ပွဲတုန်းက နောက်ဆုံး(၃)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပြီး အခု ၂၀၂၆-၂၇ ရာသီမှာ ပထမဆုံး(၃)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ယော်ကယ်ရက်စ်ဟာ ဒီရာသီ အာဆင်နယ်အသင်းမှာ နေရာရဖို့ ရုန်းကန်နေရပေမဲ့ လက်ရွေးစင်အသင်းမှာတော့ ခြေစွမ်းပြနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ယော်ကယ်ရက်စ်ဟာ ချန်ပီယံလိဂ်နဲ့ လိဂ်ဖလားမှာသာ အာဆင်နယ်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်မရသေးပါဘူး။
ဒါပေမဲ့ ဂျာမန်တိုက်စစ်ကစားသမား ဟာဗက်ဇ် ဒဏ်ရာရရှိထားပြီး သူ့အနေနဲ့ (၃)ပွဲဆက် ဂိုးသွင်းထားတာကြောင့် လိဒ်စ်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ ပွဲထွက်ကစားခွင့်ရဖွယ်ရှိနေတာပါ။
ယော်ကယ်ရက်စ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၅၅)ပွဲကစားကာ (၂၁)ဂိုးသွင်းယူပြီး အသင်းအတွက် အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။