
နယ်သာလန်အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက်ဟာ နယ်သာလန်လက်ရွေးစင်အသင်းအတွက် ပွဲ(၁၀၀)ပြည့်တဲ့ (၁၁)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ဗန်ဒိုက်ဟာ ၂၀၁၅ အောက်တိုဘာမှာ နယ်သာလန်လက်ရွေးစင်ကစားသမားဘဝကို အစပြုခဲ့ပြီး (၁၁)နှစ်အကြာမှာ ပွဲ(၁၀၀)ပြည့်ခဲ့တာပါ။
နယ်သာလန်အသင်းမှာ ဗန်ဒိုက်မတိုင်ခင် ပွဲ(၁၀၀)ပြည့်ခဲ့သူတွေက ရှနိုက်ဒါ၊ ဗန်ဒါးဆား၊ ဒီပိုင်း၊ ဖရန့်ဒီဘိုးဝါး၊ ဗန်ဒါဗတ်၊ ဘလင်း၊ ဗန်ဘရွန်ခရော့စ်၊ ဒါ့ခ်ကုတ်၊ ဗန်ပါစီနဲ့ ဖိလစ်ကိုကူးတို့ ဖြစ်ပါတယ်။
ဗန်ဒိုက်က နယ်သာလန်အသင်းရဲ့ (၁၁)ဦးမြောက် ပွဲအများဆုံးကစားသမားအဖြစ်သာ ရပ်တည်နိုင်ပေမဲ့ အသင်းခေါင်းဆောင်အဖြစ်တော့ ပွဲအများဆုံးကစားထားသူအဖြစ် စံချိန်တင်ထားကြောင်း သိရပါတယ်။
ဗန်ဒိုက်ဟာ ဆားဘီးယားကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ လက်ရွေးစင်ကစားသမားဘဝ ပွဲ(၁၀၀)၊ လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် (၈၄)ပွဲမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။