Eleven Media Group

Nations League ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို လက်ရှိချန်ပီယံ ပေါ်တူဂီနဲ့ စပိန်တို့ ပွဲမကုန်ခင် တက်ရောက်

Photo: X

၂၀၂၆-၂၇ ရာသီ Nations League ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို လက်ရှိချန်ပီယံ ပေါ်တူဂီနဲ့ စပိန်တို့ ပွဲမကုန်ခင်မှာပဲ တက်ရောက်နိုင်ခဲ့ကြကြောင်း သိရပါတယ်။
၂၀၂၆-၂၇ ရာသီ Nations League ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေကို စက်တင်ဘာ-အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ပွဲစဉ်(၄)ပွဲ ယှဉ်ပြိုင်ကစားအပြီးမှာ ပေါ်တူဂီနဲ့ စပိန်တို့ ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့ အဖြေထွက်သွားခဲ့တာပါ။
ပေါ်တူဂီနဲ့ စပိန် နှစ်သင်းစလုံးက (၄)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ယူကာ နောက်တစ်ဆင့်တက်နိုင်ခဲ့တာဖြစ်ပြီး ကျန်တဲ့အသင်းတွေကတော့ အဖြေမထွက်သေးပါဘူး။
Nations League ပြိုင်ပွဲမှာ League A တစ်ခုတည်းသာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရတာဖြစ်ပြီး အုပ်စုလက်ကျန်နှစ်ပွဲကို နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်မှာ ယှဉ်ပြိုင်ရမှာပါ။
ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ ၂၀၂၇ မတ်လမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းက ၂၀၂၆-၂၇ ရာသီ Nations League ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group